Main menu

ငရုတ်စိုက်ပျိုးသောတောင်သူများ ဈေးကောင်းရနေ

Powered by Drupal

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ငရုတ်ကို စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ မြေတစ်ဧကလျှင် ငရုတ်မျိုးစေ့ ၉ထုပ်စိုက်ပျိုးရပြီး ငရုတ်အမျိုးအစားများစွာရှိသော်လည်း တောင်သူအများစုစိုက်ပျိုးသောမျိုးစေ့များမှာ ၀၀၄၊  ၄၄၊ ၉၉ စသောသာမိုနှင့်ဒီမွန်မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိကြောင်း၊ မျိုးစေ့တစ်ထုပ်လျှင် သာမိုမျိုးစေ့မှာ ၁၇၀၀၀ကျပ်မှ ၁၈၀၀၀ကျပ်ထိ၊ ၄၄နှင့် ၉၉မျိုးတို့ကို ၅၀၀၀ကျပ်နှုန်းစီပေးဝယ်ရကြောင်း၊ ကျန်မျိုးစေ့များသည် မျိုးသာကွာပြီး ဈေးနှုန်းမှာ အတူတူပင်ဖြစ်ကြောင်း၊ မြေတစ်ဧကစိုက်ပျိုးလျှင် ထွန်စက်ကြီးဖြင့် ထွန်ယက်ခမှာ ၄၅၀၀၀ကျပ်ပေးရပြီး စိုက်ပျိုးချိန်ထိ ထွန်ယက်ခမှာ (၁၅၀ဝ၀ဝ) ကျပ်ကုန်ကျခဲ့ကြောင်း၊ စတင်စိုက်ပျိုးချိန်၌ ဘောင်ဆွဲခမှာ တစ်မနက်လျှင် ယောကျာ်းလေးတစ်ဦးကို ၂၅၀ဝကျပ်နှုန်းဖြင့် (၂၀) ဦးငှားရမ်းရပြီး ကုန်ကျစရိတ်မှာ တစ်ရက်လျှင် ငှားရမ်းခမှာ (၅၀၀၀၀) ကျပ်ကုန်ကျခဲ့ပါကြောင်း၊ အပင်စိုက်မိန်းကလေး (၃၅) ဦးအား ၁၅၀ဝကျပ်နှုန်းဖြင့် ငှားရမ်းခမှာ (၅၂၅၀၀) ကျပ်ကုန်ကျခဲ့ပါကြောင်း၊ ငရုတ်အပင်မစိုက်မီ စိုက်ပျိုးမည့်ကျင်းထဲသို့ မြေဆီထည့်ပေးရပြီး မြေဆီတစ်အိတ်လျှင် ၁၆၀၀၀၀ကျပ်ပေးဝယ်ရပါကြောင်း၊ ငရုတ်မျိုးစေ့ကို ပျိုးထုပ်ထဲသို့ထည့်ပြီး ၁လသားရလျှင် မြေကြီးထဲချ၍စိုက်ပျိုးရပြီး တစ်ဧကစိုက်ပျိုးရေးကုန်ကျစရိတ်မှာ အပြီးအစီး ၅သိန်းခန့်ကုန်ကျခဲ့ကြောင်း၊ ငရုတ်ကို များသောအားဖြင့် စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး အပင်ကြီးထွားချိန်တွင် ပိုးသတ်ဆေး၊ စုတ်စား(ပိုးနိုင်တဲ့ဆေး)၊ မှိုဆေး၊ သြဘာ၊ ဒီမွန်စသောပိုးသတ်ဆေးများကို စတင်စိုက်ပျိုးပြီးချိန်မှစ၍ တစ်ပတ်လျှင် တစ်ခါဖြန်းပေးရပါကြောင်း၊ ဆေးဖြန်းပြီး ၂ပတ်ကြာလျှင် အသီးဆွတ်ခူးရကြောင်း၊ ငရုတ်ကို ရေမဝင်သောနေရာများတွင် ရာသီမရွေးစိုက်ပျိုးနိုင်ပြီး ဆောင်းရာသီ၌ စိုက်ပျိုးလျှင် ပိုမိုဖြစ်ထွန်းကြောင်း၊ စိုက်ပျိုးလျှင် အကောင်းဆုံးမျိုးမှာ သာမိုမျိုးပင်ဖြစ်ကြောင်း၊ ငရုတ်တစ်ဧကလျှင် အစိုမှာ ပိဿာ၈၀ဝ၀မှ ပိဿာ၁၀၀၀၀ကျော်ထွက်ရှိကြောင်း၊ အစို၁ပိသာလျှင် ၄၀၀၀ကျပ်မှ ၅၀၀ဝကျပ်ထိရောင်းချရပြီး အခြောက်တစ်ပိဿာလျှင် ၂၀၀ဝ၀ကျပ်နှုန်းဖြင့်ရောင်းချရကြောင်း၊ အစို၄ပိဿာလှန်းလျှင် အခြောက်၁ပိဿာတင်ကြောင်း၊ ငရုတ်စိုက်ခင်းတစ်ဧကလျှင် လူငှားမိန်းကလေး၁၀ဦးကို တစ်မနက်လျှင် ၁၅၀ဝကျပ်နှုန်းဖြင့်ငှား၍ ဆွတ်ခူးရကြောင်း၊ ပိုးဖျက်လျှင်မူ အရှုံးပေါပြီး အောင်မြင်ဖြစ်ထွန်းပါက တစ်ဧကကို သိန်း၂၅/၃၀ကျော်အမြတ်ရရှိခဲ့ကြောင်း ကျောင်းစုကျေးရွာရှိ ငရုတ်စိုက်ပျိုးသောတောင်သူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)