Main menu

ပြောင်းဖူးစိုက်ပျိုး တောင်သူများဝင်ငွေတိုး

Powered by Drupal

      ပြောင်းဖူးကို မြန်မာနိုင်ငံအလယ်ပိုင်းဒေသ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးလျက်ရှိသည်ကိုတွေ့ရှိရပါသည်။ မြေတစ်ဧကလျှင် ပြောင်းဖူးမျိုးစေ့ ၁ထုပ်စိုက်ပျိုးရပြီး လက်ဖြင့်စိုက်ပျိုးလျှင် မျိုးစေ့တစ်ထုပ်၊ စက်ဖြင့်စိုက်ပျိုးလျှင် (၁)ထုပ်နှင့် နို့ဆီဘူး (၃) ဘူးစိုက်ပျိုးရပါကြောင်း၊ ပြောင်းမျိုးစေ့အများအပြားရှိသော်လည်း ၆၂၁၊ ၈၀၈၊ ၃၃၉  မျိုးများကိုသာ အများဆုံးစိုက်ပျိုးလျက်ရှိပါကြောင်း၊ မျိုးစေ့ ၁ထုပ်လျှင် ၈၀၀၀၀ကျပ် ပေးဝယ်ရကြောင်း၊ မြေတစ်ဧကလျှင် စက်ကြီးထွန်ယက်ခမှာ တစ်မနက်လျှင် ၄၅၀ဝ၀ကျပ်နှုန်းဖြင့် ( ၃ )ကြိမ်ထွန်ယက်ရပြီး  ကုန်ကျငွေမှာ ၁၃၅၀၀၀ကျပ်ဖြစ်ကြောင်း၊ စတင်စိုက်ပျိုးချိန်၌ ဘောင်ဆွဲလျှင် လူငှားယောကျားလေး (၁၀) ဦးတို့ဖြင့် တစ်မနက်လျှင် ၂၅၀ဝကျပ်နှုန်း၊ တစ်နေကုန်လျှင် ၇၅၀ဝကျပ်နှုန်းဖြင့်ငှားရမ်းရကြောင်း၊  စိုက်ပျိုးပြီး ၁၅ရက်ကြာလျှင် ပိုးသတ်ဆေး၊ အားဆေး(၂)ကြိမ်ဖြန်းပေးရကြောင်း၊  စိုက်ပျိုးပြီး အပင်ပေါက် ၁လကျော်လျှင် ပိုးသတ်ဆေး၊ အပင်ဖြစ်ဆေးများကို ထပ်မံဆေးဖျန်းပေးခဲ့ရကြောင်း၊ မြေဆီဖိုး (၂၄၀၀၀၀) ကျပ်ကုန်ကျကြောင်း၊ မြေတစ်ဧကစိုက်ပျိုးလျှင် အပြီးအစီး (၆) သိန်းခန့်ကုန်ကျကြောင်း၊ ပြောင်းကို ရာသီမရွေးရေတင်စိုက်ပျိုးနိုင်သော်လည်း ဆောင်းရာသီ၌ စိုက်ပျိုးလျှင် အထွက်နှုန်းပိုမိုကောင်းမွန်ကြောင်း၊ စိုက်ပျိုးချိန်မှ ရိတ်သိမ်းချိန်အထိ နွေရာသီစိုက်လျှင် ရက်‌ပေါင်း(၁၁၀)ကြာပြီး ရေ ၅ခါတင်ပေးရကြောင်း၊ ဆောင်းရာသီစိုက်ပျိုးလျှင် ရက်ပေါင်း ၁၁၀မှ ၁၂၀ထိကြာပြီး ရေ ၃ခါတင်ပေးရကြောင်း၊ စတင်စိုက်ပျိုးချိန်မှာ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စတင်စိုက်ပျိုးပြီး ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများတွင် ရိတ်သိမ်းရကြောင်း၊ ဆောင်းရာသီစိုက်ပျိုးလျှင် အမြတ်ပိုမိုထွက်ရှိကြောင်း၊ အဖူးရိတ်သိမ်းချိန်ရောက်လျှင် တစ်ဧကလျှင် လူငှားမိန်းကလေး၁၀ဦးတို့ကို တစ်မနက်လျှင် ၁၅၀ဝကျပ်နှုန်းဖြင့် ငှားရမ်း၍ အဖူးချိုးခဲ့ရကြောင်း ၊ယောကျားလေး(၁၀)ဦးငှားရမ်း၍ တစ်ဦးလျှင် အထမ်းအသယ် ၂၅၀ဝကျပ်ပေးရကြောင်း၊ အဖူးကို ချွေစက်ဖြင့်ချွေလှေ့ပြီး ချွေလှေ့ခ(၁)တင်းလျှင် ၅၀ဝကျပ်ပေးရပြီး ၁တင်းကို ၂၀ဝ၀၀ကျပ်ဖြင့်ရောင်းချရပါကြောင်း၊ ပြောင်းဖူး၁တင်းလျှင် ၁၈ပိဿာရှိပါကြောင်း၊ ဆောင်းရာသီ၌ တစ်ဧကအထွက်နှုန်းမှာ တင်း၈ဝထွက်ရှိပြီး နွေရာသီတွင် တင်း၅၀မှ ၆၀ ခန့်သာထွက်ရှိပါကြောင်း၊ ပြောင်းဖူးစေ့များကို ဒေသခံပွဲရုံးများသို့ရောင်းချခြင်း၊ မုံရွာပွဲရုံးများသို့ ကိုယ်တိုင်ကိုယ်ကျရောင်းချခြင်းရှိကြောင်း၊ တောင်သူအချို့မှာ ပြောင်းကို ၃/၄ဧကစိုက်ပျိုးလျက်ရှိကြပြီး တောင်သူတချို့မှာ တစ်နိုင်တစ်ပိုင် ၁ဧက/၂ဧကခန့်စိုက်ပျိုးလျက်ရှိကြောင်း၊ ပြောင်းသည် မုံရွာမြို့နယ်ရှိ ကျေးရွာများတွင် ကြက်စာနှင့် ငုံးစာများအဖြစ် အများဆုံးအသုံးပြုကြကြောင်း၊ ပြောင်းအထွက်နှုန်းကောင်း၍ အောင်မြင်ဖြစ်ထွန်းလျှင် ပို၍ အမြတ်အစွန်းရရှိခဲ့ကြောင်း၊ ပြောင်းစိုက်ပျိုးသောဘုမ္မနိုးကျေးရွာရှိ တောင်သူတစ်ဦးထံမှ သိရှိခဲ့ရပါသည်။

DOCA(စစ်ကိုင်း)