ကုန်သွယ်မှုသတင်းများ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့ပေါ်၌ ၂၀၂၃ ခုနှစ်၊ မေလ (စတုတ္ထပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော စားသုံးဆီဈေးနှုန်းများမှာ ပဲဆုံဆီ လက်ကား တစ်ပိဿာလျှင် (၁၄၀၀၀)ကျပ်၊ လက်လီတစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်၊ နှမ်းဆီ လက်ကား တစ်ပိဿာလျှင် (၁၂၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင်(၁၂၅၀၀)ကျပ်၊ နှမ်းရောဆီ လက်ကား တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ စားအုန်းဆီ လက်ကား တစ်ပိဿာလျှင် (၆၃၀၀)ကျပ်၊ လက်လီ တစ်ပိဿာလျှင် (၆၆၀၀)ကျပ်၊ နေကြာဆီ လက်ကား တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့ ပတ္တမြားဈေးကြီးအတွင်းတွင် သီးနှံမျိုးစုံ အများဆုံး စိုက်ပျိုးထွက်ရှိသော ရေလယ်ကျွန်း၊ သံဇလုံ၊ ချင်တောင်၊ ချောင်းမကြီး၊ မယ်ဇလီကွေ့၊ တူရွင်းမျော၊ ဂွေးပင်ကျေးရွာများမှ အများဆုံးဝင်ရောက် ရောင်းချလျက်ရှိသည့်အပြင် ချောက်၊ ဆင်ဖြူကျွန်း၊ စလင်း၊ ပွင့်ဖြူ၊ ကျောက်ပန်းတောင်း၊ ပုပ္ပါး၊ ရှမ်းပြည်နယ် အင်းလေးဒေသထွက် ဟင်းသီးဟင်းရွက် သစ်သီးဝလံများ ဝင်ရောက်လျက်ရှိပြီး ဒေသခံပြည်သူများ ရောင်းဝယ်ဖောက်ကားရာ ဈေးဖြစ်ပါသည်။
ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ မေလ(၂၁)ရက် မှ (၃၁)ရက်ထိ (စတုတ္ထ)ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၂)သောင်းခန့်၊ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၂)သိန်းခန့် ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။
ပခုက္ကူမြေပဲဈေးကွက်၌ ၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်တွင် မြေပဲဈေးများမှာ ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် ဗန်းမော်၊ ကသာမြို့နယ်များမှ (၃)လမြေပဲများ အနည်းငယ် ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ (၃)လမြေပဲဆံများမှာ တစ်ပိဿာလျှင် ကျပ်(၆၈၀၀ မှ ၇၂၀၀)ထိ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ (၃)လမြေပဲများကို မျိုးဆံများအဖြစ် ပြန်လည်ရောင်းချပြီး ရေဦး၊ မြိုင်မြို့နယ်ဘက်မှ ဝယ်ယူကြောင်း သိရှိရသည်။ မြေပဲဆီဆံ တစ်ပိဿာလျှင် (
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂၄-၅-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၅၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၃၀-၅-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၂၉၅၀၀၀)ရှိခဲ့၍ ကျပ်(၅၀၀၀)ဈေးလျော့ခဲ့ပြီး (၉၀၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။