အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် (၄၅)ပိဿာ(၁)အိတ်လျှင် ယခင်အပတ် (၂၄-၅-၂၀၂၃)ရက်နေ့တွင် နှမ်းနက်(စမုံ)မှာ ကျပ်(၂၈၅၀၀၀မှ ၃၀၀၀၀၀)ဖြစ်ပြီး ယခုအပတ် (၃၀-၅-၂၀၂၃)ရက်နေ့တွင် ကျပ်(၂၈၀၀၀၀မှ ၂၉၅၀၀၀)ရှိခဲ့၍ ကျပ်(၅၀၀၀)ဈေးလျော့ခဲ့ပြီး (၉၀၀)အိတ် အရောင်းအဝယ်ရှိခဲ့ပါကြောင်း အောင်လံကုန်စည်ဒိုင်မှ သိရှိရပါသည်။
ပဲမျိုးစုံဈေးကွက်တွင် ပဲစဉ်းငုံ(နီ)မှာ(၂၀)ပိဿာ(၁)တင်းလျှင် ယခင်အပတ်တွင် ကျပ် (၈၅၂၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၉၁၅၀၀)ဖြစ်၍ ကျပ်(၆၃၀၀)ဈေးမြင့်ခဲ့ကြောင်း၊ မတ်ပဲ ယခင်အပတ်တွင် ကျပ်(၇၂၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၇၃၀၀၀)ဖြစ်၍ ကျပ်(၁၀၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(H-L) ယခင်အပတ်တွင် ကျပ်(၈၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ် (၈၅၀၀၀)ဖြစ်၍ ကျပ်(၅၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ကုလားပဲ(မြကြေး)ယခင်အပတ်တွင် ကျပ် (၈၁၅၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၈၅၀၀၀)ဖြစ်၍ ကျပ်(၃၅၀၀)ဈေးမြင့်ခဲ့ကြောင်း၊ ဘိုကိတ်မှာ ယခင်အပတ်တွင် ကျပ်(၄၅၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၄၇၅၀၀)ဖြစ်၍ ကျပ်(၂၅၀၀) ဈေးမြင့်ခဲ့ကြောင်း၊ ပဲကြီးယခင်အပတ်တွင် ကျပ်(၉၀၀၀၀မှ ၉၅၀၀၀)ဖြစ်ပြီး ယခု အပတ်တွင် ကျပ်(၉၂၀၀၀မှ ၉၆၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀မှ ၁၀၀၀) စသည့်ဖြင့် အသီးသီးဈေးမြင့်တက်ခဲ့ပါသည်။ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀)ပိဿာဝင်အိတ်များဖြင့် ပဲစဉ်းငုံ(နီ) (၂၂၀၀)အိတ်၊ မတ်ပဲ (၂၇၀)အိတ်၊ ကုလားပဲ(H-L)(၁၁၀၀)အိတ်၊ ကုလားပဲ(မြကြေး(၈၀၀) အိတ်၊ ပဲကြီး(၄၂၀)အိတ်၊ ဘိုကိတ်ပြာ(၂၀၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါသည်။
မြေပဲလုံးဆံ(ဖြူ)မှာ (၁)ပိဿာလျှင် ယခင်အပတ်တွင် ကျပ်(၆၇၀၀)ဖြစ်ပြီး ယခုအပတ်တွင်လည်း ကျပ်(၆၇၀၀)ဖြစ်၍ ဈေးနှုန်းပြောင်းလဲခြင်းမရှိပဲ အရောင်းအဝယ်ပမာဏအနေဖြင့် (၃၀) ပိဿာဝင်အိတ်များဖြင့် မြေပဲလုံးဆံ(ဖြူ)(၁၈၀)အိတ်တို့ အရောင်းအဝယ်ရှိခဲ့ပါကြောင်းနှင့် အောင်လံ ကုန်စည်ဒိုင်မှ နှမ်းနှင့် ပဲမျိုးစုံသီးနှံများအား ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ တင်ပို့ရောင်းချရပါကြောင်း သိရှိရပါသည်။
DOCA(မကွေး)