Main menu

မေလ(စတုတ္ထပတ်)၌ ပခုက္ကူမြို့၏ မြေပဲဈေးကွက်အခြေအနေ

Powered by Drupal

    ပခုက္ကူမြေပဲဈေးကွက်၌ ၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်တွင် မြေပဲဈေးများမှာ ဈေးတက်ပြီး အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ယခုတစ်ပတ်တွင် ဗန်းမော်၊ ကသာမြို့နယ်များမှ (၃)လမြေပဲများ အနည်းငယ် ဝင်ရောက်လျက်ရှိပြီး ဈေးကွက်အနေဖြင့် မြင့်တက်လျက်ရှိကြောင်း သိရှိရသည်။ (၃)လမြေပဲဆံများမှာ တစ်ပိဿာလျှင် ကျပ်(၆၈၀၀ မှ ၇၂၀၀)ထိ ဈေးဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရှိရသည်။  (၃)လမြေပဲများကို မျိုးဆံများအဖြစ် ပြန်လည်ရောင်းချပြီး ရေဦး၊ မြိုင်မြို့နယ်ဘက်မှ ဝယ်ယူကြောင်း သိရှိရသည်။ မြေပဲဆီဆံ တစ်ပိဿာလျှင် (၆၀၀၀ မှ ၆၃၀၀) ကျပ် ဈေးရှိပြီး မြေပဲလုံးဆံ တစ်ပိဿာလျှင် (၆၅၀၀ မှ ၆၉၀၀)ကျပ်ဈေးရှိကြောင်း သိရှိရသည်။

    ဈေးကွက်သို့ မြေပဲအတောင့် အဝင်နည်းသော်လည်း ပခုက္ကူမြို့ပေါ်ရှိ မြေပဲကုန်သည် ပွဲစားများသည် ယခင်ဝယ်ယူ သိုလှောင်ထားသော မြေပဲများကိုသာ ကြိတ်ခွဲထုတ်လုပ် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

  ယောဘက်မှ ဝင်ရောက်လာသော (၆)လမြေပဲလုံးဆံနီများမှာ အဝင်နည်းသော်လည်း တစ်ပိဿာလျှင်(၈၂၀၀ မှ ၈၅၀၀)ကျပ်ဈေးရှိပြီး ဈေးမြင့်၍ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။ ဈေးကွက်အနေဖြင့် မန္တလေးမှတဆင့် ပြည်ပတရုတ်နိုင်ငံသို့ တင်ပို့ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မကွေး)