Main menu

ဆိပ်ဖြူကြက်သွန်နီ မေလ(စတုတ္ထပတ်)အတွင်း ဈေးနှုန်းဈေးကွက်အခြေအနေ

Powered by Drupal

    ဆိပ်ဖြူမြို့ ကြက်သွန်နီဈေးကွက်သို့ မေလ(၂၁)ရက် မှ (၃၁)ရက်ထိ (စတုတ္ထ)ပတ်အတွင်း နေ့စဉ်ကုန်ချိန် ပိဿာ(၂)သောင်းခန့်၊ တစ်ပတ်အတွင်း ကုန်ချိန်ပိဿာ(၂)သိန်းခန့် ကုန်စည်ဒိုင်နှင့် ပွဲရုံများတွင် ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

   ၂၀၂၃ခုနှစ် မေလ(စတုတ္ထ)ပတ်အတွင်း ကြက်သွန်နီ(၁)ပိဿာဈေးနှုန်းမှာ အမြင့်ဈေး ထိပ်စ(ရှယ်) ကျပ် (၁၉၀၀ မှ ၁၈၅၀)၊ အလတ်စ ကျပ်(၁၈၂၅ မှ ၁၈၀၀)၊ အသေးစ ကျပ်( ၁၇၅၀ မှ  ၁၆၅၀)ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ယခင် မတ်လ(တတိယ)ပတ်တွင် မိုခါမုန်တိုင်း ကြောင့် ကားလမ်းများ ပျက်စီးပြီး ကြက်သွန်စိုက်ဒေသကျေးရွာများမှ မြို့ပေါ်သို့ လာရောက်ရောင်းဝယ် ဖောက်ကားမှုမရှိ၍ ယခင်(၁)ပတ်တွင် ကုန်စည်ဒိုင်နှင့် ပွဲရုံများ၌ အရောင်းအဝယ်မဖြစ်ကြောင်း သိရှိရပါသည်။

  မေလ(ဒုတိယပတ်)တွင် ကြက်သွန်နီ(၁)ပိဿာအမြင့်ဈေး(၁၉၇၅)ကျပ်၊ အလတ်စ အမြင့် ဈေး (၁၇၀၀)ကျပ်၊ အသေးစ (၁၃၀၀)ကျပ် ဈေးအသီးသီးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့၍ ယခု မေ(စတုတ္ထ ပတ်)တွင် အမြင့်ဈေး (၁)ပိဿာ (၁၉၀၀)ကျပ်ဈေးဖြင့် ရောင်းချရ၍ (၇၅)ကျပ်နှင့် အလတ်စ(၁၂၅) ကျပ် ဈေးနှုန်း ကျဆင်းပြီး အသေးစ(၁)ပိဿာ(၄၀၀)ကျပ်ခန့် ဈေးနှုန်းမြင့်တက်ပြီး အရောင်းအဝယ်ဖြစ်ကြောင်း ကြက်သွန်နီဈေးကွက်မှ သိရှိရပါသည်။

  ဆိပ်ဖြူမြို့မှ ကြက်သွန်နီများကို အခြားတိုင်းဒေသကြီးများသို့ စီးထွက်မှုမှာ ရန်ကုန်ဘုရင့် နောင်ပွဲရုံ၊ ဧရာဝတီတိုင်းဒေသကြီးများသို့ တင်ပို့မှုများပြီး   ပြည်ပပို့ကုန်အဖြစ် မြဝတီ ဝယ်လက်မှတစ်ဆင့် ထိုင်း၊ ဗီယက်နမ်နိုင်ငံများသို့ တင်ပို့လျက်ရှိကြောင်း သိရှိရသည်။ ယခု(၁)ပတ်အတွင်း စုစုပေါင်းပျမ်းမျှပိဿာ(၂)သိန်း၊ (၆၆၆၅)အိတ်၊ တန်ချိန်(၃၂၇)ခန့် ကုန်စည်စီးဆင်းခဲ့ကြောင်း ကုန်စည်ဒိုင်ဈေးကွက်မှ သိရှိရသည်။

   ဆိပ်ဖြူမြို့ ပတ္တမြားဈေးအတွင်းရှိ ဈေးတန်းများတွင် ကြက်သွန်နီ အရွယ်အစား အရည်အသွေးလိုက်၍ (၁)ပိဿာလျှင် လက်လီဈေး (၂၂၀၀ မှ ၁၅၀၀)ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)