Main menu

ပခုက္ကူမြို့ ဘိလပ်‌မြေ၊ ဓာတ်မြေဩဇာနှင့် ပိုးသတ်ဆေး ဈေးကွက်အခြေအနေ

Powered by Drupal

ပခုက္ကူမြို့၌ ၂၀၂၃ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ဘိလပ်မြေဈေးကွက်မှာ အရောင်းအဝယ်ပုံမှန်ရှိပြီး ဈေးနှုန်းမှာလည်း မေလနောက်ဆုံးပတ်အတိုင်း ကြံ့နှစ်ကောင် ဘိလပ်မြေတစ်အိတ်လျှင် ကျပ်(၉၀၀၀)၊ အယ်လဖာ ဘိလပ်မြေ တစ်အိတ်လျှင် ကျပ်(၈၈၀၀)ရှိကြောင်း သိရှိရပါသည်။

ဓာတ်မြေဩဇာဈေးနှုန်းမှာ မေလနောက်ဆုံးပတ်ထက် မြင့်တက်လာသည်ကို တွေ့ရှိရပြီး အရောင်းအဝယ်ဖြစ်နေသော ဈေးနှုန်းများမှာ အာမိုယူရီးယား(50)Kgပါတစ်အိတ်လျှင် ကျပ်(၉၃၀၀၀)၊ ဩဘာယူရီးယား (50)Kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ရွှေနဂါးယူရီးယား (50)Kgပါ တစ်အိတ်လျှင် ကျပ်(၈၈၀၀၀)၊ တရုတ်ပုလဲရွှေတောင် (50)Kgပါ တစ်အိတ်လျှင် ကျပ်(၉၅၀၀၀)၊ ဩဘာရွှေကောမက် (50)Kgပါ တစ်အိတ်လျှင် ကျပ်(၁၃၄၀၀၀)၊ အာမိုကွန်ပေါင်း(50)Kgပါ တစ်အိတ်လျှင် ကျပ်(၁၃၈၀၀၀)၊ ဩဘာကွန်ပေါင်း (50)Kgပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀)၊ ကောမက်ကွန်ပေါင်း(၁၅:၁၅:၁၅)(50)Kgပါ တစ်အိတ်လျှင် ကျပ်(၁၅၇၀၀၀) အသီးသီးဈေးရှိပြီး ပခုက္ကူခရိုင်အတွင်း မိုးစပါး၊ အစေ့ထုတ်ပြောင်း၊ ပဲတီစိမ်း၊ မိုးမြေပဲ၊ မိုးနှမ်း သီးနှံများ စတင်စိုက်ပျိုးချိန်ဖြစ်သောကြောင့် ဓာတ်မြေဩဇာဈေးများ မြင့်တက်လာကြောင်း သိရှိရပါသည်။

ပိုးသတ်ဆေးဈေးနှုန်းများအနေဖြင့် မေလနောက်ဆုံးပတ်ဈေးထက် အနည်းငယ်ကျဆင်းလာသည်ကို တွေ့ရှိရပြီး ယခု ဇွန်လပထမပတ်ဈေးနှုန်းများအနေဖြင့်  အာမိုမက်နီဖော့ (500)cc တစ်ဘူး လျှင် ကျပ်(၂၇၀၀၀)၊ အာမိုအီမာ(250)cc တစ်ဘူးလျှင် ကျပ် (၁၀၅၀၀)၊ အာမိုအီမာ(1)Liter တစ်ဘူး လျှင် ကျပ်(၃၃၀၀၀)၊ မင်းမဟော်စီအက်စ် (500)Kg ပါ တစ်ထုပ်လျှင် ကျပ်(၂၀၀၀၀)၊ မင်းမဟော် ဖော်ယူဘိုး (500)cc တစ်ဘူးလျှင် ကျပ်(၂၈၅၀၀)၊ ဩဘာပို့စ် (250)cc တစ်ဘူးလျှင် ကျပ် (၁၀၀၀၀)၊ ဩဘာအဆီ ဖိတ်(500)gပါ တစ်ထုပ်လျှင် ကျပ်(၂၀၅၀၀)၊ ဩဘာငှက်ကြီးတောင် (100)cc တစ်ဘူးလျှင် ကျပ်(၁၆၅၀၀)၊ ဩဘာငှက်ကြီးတောင် (250)ccတစ်ဘူးလျှင် ကျပ်(၃၉၅၀၀) ဈေးအသီးသီးရှိပြီး ယခုအမျိုးအစားများကိုအသုံးများပြီး မေလနောက်ဆုံးပတ်ထက် အရောင်းအဝယ်ပိုဖြစ်နေကြောင်း သိရှိရပါသည်။

DOCA (မကွေး)