ကုန်သွယ်မှုသတင်းများ
ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ပင်ဆိုင်ပင်များကိုစိုက်ပျိုးထားသော ဆည်ကြီးကုန်းအုပ်စု၊ ကြက်ဖြူတောင်ကျေးရွာသို့သွားရောက်၍ ပင်ဆိုင်ဖူးစိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက်များကို သိရှိနိုင်ရန် ကွင်းဆင်းလေ့လာခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၆.png?itok=fpldw8uU)
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ တော်လသာအုပ်စုဖိုးကတိုးကျေးရွာရှိ တောင်သူ ဦးဉာဏ်မင်း စိုက်ပျိုးထားသော မတ်ပဲ ရေဆင်း ၂ အမျိုးအစားပဲများရိတ်သိမ်းထွက်ရှိနေပြီဖြစ်ကြောင်း သိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာန၊ လက်ပံတန်းမြို့နယ်ရုံးမှ ဒု-ဦးစီးမှူး ဦးကိုကိုနိုင်သည် ၂၄-၁-၂၀၂၃ ရက်နေ့ နံနက် (၁၀:၀၀) နာရီအချိန်တွင် ရေလိုက်မတ်ပဲများ စိုက်ပျိုးထွက်ရှိမှုအခြေအနေများကို သွားရောက်မေးမြန်းခဲ့ပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၀၄_0.jpg?itok=DjBdShvC)
တိုင်းဒေသကြီး/ပြည်နယ်များ၏ စပါးဆန်ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယနေ့ ကာလတူ နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
တိုင်းဒေသကြီး/ပြည်နယ်များရှိ ကုန်စည်ဒိုင်များတွင် ဖြစ်ပေါ်နေသော မတ်ပဲ၊ ပဲတီစိမ်း နှင့် ပဲစဉ်းငုံတစ်တန် ဈေးနှုန်းများအား ယခင်နှစ်၊ ယခင်လ၊ ယခင်အပတ်၊ ယခင်နေ့၊ ကာလတူ ဈေးနှုန်းစာရင်းအား နှိုင်းယှဉ်ပြုစုတင်ပြအပ်ပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် နှမ်းနက်(စမုံ) (၄၅)ပိဿာဝင်(၁)အိတ်လျှင် ဇန်နဝါရီလတတိယပတ်တွင် ကျပ်(၂၃၀၀၀၀)ဖြစ်ပြီး ဇန်နဝါရီလစတုတ္ထပတ်တွင်ကျပ်(၂၅၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းနီ(၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ် (၂၂၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၄၀၀၀၀)ဖြစ်၍ ကျပ်(၂၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းပြာ (၁)အိတ်လျှင် ယခင်အပတ်တွင် ကျပ်(၂၁၀၀၀၀)ဖြစ်ပြီး ယခုအပတ်တွင် ကျပ်(၂၂၀၀၀၀)ဖြစ်၍ ကျပ် (၁၀၀၀၀)ဈေးမြင့်ခဲ့ကြောင်း၊ နှမ်းဖြူ(၁)အိတ်လ