Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
03 Feb 2023

          ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇန်နဝါရီလ ( ၂၅ ) ရက်နေ့မှ ဇန်နဝါရီလ(၃၁) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မော်လမြိုင် မှ ကျွဲကောသီး အလုံးကြီး ကျပ် ၃၀၀၀ မှ ၂၅၀၀၊ အလုံးလတ် ကျပ် ၂၀၀၀ မှ ၁၅၀၀ ၊ အလုံးသေး ကျပ် ၁၀၀၀ မှ ၇၀၀၊  ၅၀၀၊ သီပေါ မှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀၀ ၊ အလုံးလတ် ကျပ် ၁၀၀၀ ၊ အလုံးသေး  ကျပ် ၈၀၀ ၊ တွံတေး၊ ပန်းတိုင်(လှိုင်သာယာ) မှ သခမသီး အလုံးကြီးတစ်ခြင်း ၂၀ လုံး မှ ၃၅ လုံးပါ ကျပ် ၁၈၀၀၀၊ အလုံးလတ် ၄၀ လုံး မှ ၄၅ လုံးပါ ကျပ

03 Feb 2023

          ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထွက် ပဲတီစိမ်းများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယခုနှစ်တွင် ပဲတီစိမ်း စိုက်ဧက (၁၂၉၉၉၅) ဧကဖြစ်ပြီး ဇန်နဝါရီ လ (တတိယပတ်) မှစပြီး ဘုရားကြီးကျေးရွာ၊ ကတုံးပေါ်၊ ဝင်းကြီး၊ နံယော၊ ရေပေါ်ကန်၊ အောင်ပန်း စိန်၊ အလန်းကုန်း၊ ကိုင်းကုန်း၊ လသာကုန်း၊ မကျီးပင်ချောင် စသည့် ကျေးရွာများမှ ပဲတီစိမ်းအနည်း ငယ် စတင်ထွက်ပေါ်လျက်ရှိပါသည်။

03 Feb 2023

      ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် မိုးစပါးများပေါ်စအချိန်၌ ဧည့်မထစပါး ၅၀ ပေါင် တင်း ၁၀၀ လျှင် ၁၁၇၀၀၀၀ ကျပ်၊ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ၄၀၀၀၀ ကျပ်သာရှိခဲ့ပြီး ယခု ဇန်နဝါရီလ တတိယပတ်အချိန်တွင် ဧည့်မထစပါး ၅၀ ပေါင် တင်း ၁၀၀ လျှင် ၁၄၀၀၀၀၀ ကျပ်၊ ၁၀၈ ပေါင် ဆန်တစ်အိတ်လျှင် ၅၀၀၀၀ ကျပ်၊ ရန်ကုန်တိုင်းမှ ဝင်ရောက်လာသော ဖျာပုံပေါ်ဆန်း ဆန် (အဟောင်း) တစ်အိတ်လျှင် ၇၂၀၀၀ ကျပ်၊ အသစ်တစ်အိတ်လျှင် ၆၉၀၀၀ ကျပ်၊ ရွှေဘိုပေါ်ဆန်း (အဟောင်း) တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်နှင့် အသစ်

03 Feb 2023

      ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ဆောင်းနေကြာများကို မူလက ၃၂၃၅ ဧက စိုက်ပျိုးရန် လျာထားခဲ့သော်လည်း ယခုအခါ နေကြာသီးသန့် ၂၄၅ ဧက၊ သီးညှပ် ၃၀၃၀ ဧက၊ စုစုပေါင်း ၃၂၆၅ ဧကအထိစိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခင်နှစ်တွင် ဆောင်းနေကြာတစ်ဧကလျှင် ၁၈ တင်းမှ ၂၀ တင်းအထိထွက်ရှိခဲ့ပြီး ဈေးနှုန်းမှာ တစ်တင်းလျှင် ၃၀၀၀၀ ကျပ်ရောင်းချနေရကြောင်းသိရှိရပါသည်။

03 Feb 2023

     ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် စားသုံးသူပြည်သူများ စားဝတ်နေရေးအဆင်ပြေစေရန်ရည်ရွယ်၍ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့သည် စားသုံးသူရေးရာဦးစီးဌာန၊ အုတ်တွင်းမြို့နယ်ဆန်စက်လုပ်ငန်းရှင်များနှင့်ပူးပေါင်း၍ ဇန်နဝါရီလ ၂၄ ရက်နေ့က ဆန်၊ စားအုန်းဆီ၊ သားငါးနှင့် ဟင်းသီးဟင်းရွက်များကို အုတ်တွင်းမြို့ပေါ်ရှိ ရပ်ကွက်များသို့ မော်တော်ယာဉ်ဖြင့် လှည့်လည်ရောင်းချခဲ့ပါသည်။

Pages