ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီးသည် ကွမ်းသီးပင်များကို အများဆုံးစိုက်ပျိုးသောတိုင်းဒေသကြီးဖြစ်ပါသည်၊၊ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပါ သည်။ တနင်္သာရီတိုင်းဒေသကြီးတွင် ကွမ်းသီးအလုံးတစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်နှုန်းရှိပြီး ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ်နှုန်းပေါက်ဈေးရှိကြောင်းသိရှိရပြီး၊ ရန်ကုန်တိုင်းဒေသကြီးတွင် ကွမ်းသီးခွဲခြမ်းတစ်ပိဿာလျှင် (၄၄၀ဝိ/-)ကျပ်နှုန်းပေါက်စျေးရှိကြောင်းသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၂၂_0.jpg?itok=yChGZdB1)
ကုလားပဲသီးနှံသည် ပြည်တွင်း၌ စိုက်ပျိုးနေသည့် ပဲမျိုးစုံအနက်အရေးကြီးသီးနှံတစ်ခုဖြစ်ပြီး အသားဓါတ်(ပရိုတင်း)နှင့် ကစီဓါတ်ပါဝင်မှုနှုန်း မြင့်မားခြင်းကြောင့် ပြည်တွင်းစားသုံးမှုအတွက် အရေးပါသလို ပြည်ပတင်ပို့ရသော သီးနှံလည်း ဖြစ်ပါသည်။ ကုလားပဲကို အလွယ်တကူဝယ်ယူရရှိ နိုင်သလို အမဲသားနှင့် ကုလားပဲမှာ တူညီသောအဟာရဓါတ် ပါရှိသောကြောင့် သက်သက်လွတ် အမြဲ စားသူတွေအနေဖြင့် ကုလားပဲကို မဖြစ်မနေစားပေးသင့်ပါကြောင်း လေ့လာသိရှိရပါသည်။ စစ်ကိုင်း တိုင်းဒေသကြီးသည် ကုန်လမ်း၊ ရေလမ်းများဆုံရာ ဒေသဖြစ်သည့်အတွက် လမ်း
၄.၂.၂၀၂၃ ရက်နေ့တွင် တိုင်းဒေသကြီးနှင့်ပြည်နယ် မြို့နယ်အလိုက် ဆန်၊ ဆီ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ သားငါး၊ စက်သုံးဆီ၊ ရွှေ၊ ဒေါ်လာ ဈေးနှုန်းများအား အောက်ပါ .pdf တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်-
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/price for 22_0.jpg?itok=WqAs71e0)
ကလေးမြို့ပေါ်တွင် ဇန်နဝါရီလအတွင် ဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ ဧည့်မထစပါး ( ၁ ) တင်းလျှင် ( ၁၂၅၀၀ ) ကျပ်၊ ငစိန်စပါး ( ၁ ) တင်းလျှင်( ၁၁၀၀၀) ကျပ်၊ ဧရာမင်းစပါး ( ၁ ) တင်းလျှင် ( ၁၅၀၀၀ ) ကျပ်၊ ဧည့်မထဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၅၀၀၀၀ ) ကျပ်၊ ငစိန်ဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၄၈၀၀၀ ) ကျပ်၊ ဧရာမင်းဆန် ( ၂၄ ) ပြည် ( ၁ ) အိတ်လျှင် ( ၆၅၀၀၀ ) ကျပ်၊ ပဲဆီ ( ၁ ) ပိဿာလျှင် ( ၁၁၀၀၀ ) ကျပ်၊ နှမ်းဆီ ( ၁ ) ပိဿာလျင် ( ၁၀၀၀၀ ) ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ( ၇၀၀၀ ) ကျပ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ ဆောင်းကြက်သွန်နီများစိုက်ပျိုးပြီး ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိကြောင်း၊ မိုးကြက်သွန်နီထွက်ရှိချိန်၌ (၁)ပိဿာလျှင် ကျပ်(၃၅၀၀)ဖြစ်ပြီး၊ ဇန်နဝါရီလ(စတုတ္ထ)ပတ်တွင် (၁)ပိဿာလျှင် ကျပ်(၂၀၀၀ မှ ၂၂၀၀)အထိရောင်းချရပါကြောင်း ရွှေတပင်ကျေးရွာရှိ ကြက်သွန်နီစိုက်တောင်သူများထံမှသိရှိရပါသည်။ ယခုအချိန်တွင် ဈေးကွက်အတွင်းသို့ ကြက်သွန်နီဝင်ရောက်မှုမှာလည်း နည်းလာပါကြောင်း မင်းဘူးမြို့ရှိ ကြက်သွန်နီပွဲရုံပိုင်ရှင်များထံမှသိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၂၁_0.jpg?itok=4Dmu93O1)