Main menu

“သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပဲတီစိမ်းများ စတင်ထွက်ပေါ် ”

Powered by Drupal

          ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခုနှစ်ထွက် ပဲတီစိမ်းများ စတင်ထွက်ပေါ်နေပြီဖြစ်ပါသည်။ ယခုနှစ်တွင် ပဲတီစိမ်း စိုက်ဧက (၁၂၉၉၉၅) ဧကဖြစ်ပြီး ဇန်နဝါရီ လ (တတိယပတ်) မှစပြီး ဘုရားကြီးကျေးရွာ၊ ကတုံးပေါ်၊ ဝင်းကြီး၊ နံယော၊ ရေပေါ်ကန်၊ အောင်ပန်း စိန်၊ အလန်းကုန်း၊ ကိုင်းကုန်း၊ လသာကုန်း၊ မကျီးပင်ချောင် စသည့် ကျေးရွာများမှ ပဲတီစိမ်းအနည်း ငယ် စတင်ထွက်ပေါ်လျက်ရှိပါသည်။

          ပဲတီစိမ်းရိတ်သိမ်းမှုအနေဖြင့် ဧက(၁၂၀)ခန့်ရှိကြောင်း တစ်ဧကလျှင် ပျမ်းမျှအထွက်နှုန်း (၁၇/၁၈) တင်းခန့်ရှိ၍ ပဲ(၁)တင်းလျှင် (၆၅၀၀၀ မှ ၆၆၀၀၀) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ‌ ကြောင်း ယခင်နှစ်ပဲစတင်ထွက်ရှိချိန်တွင် ပဲ(၁)တင်းလျှင် (၄၆၂၀၀) ကျပ်ဖြစ်ပြီး ယခုနှစ်တွင် ပဲစ တင်ထွက်ရှိချိန်၌ (၁)တင်းလျှင် (၆၅၀၀၀ မှ ၆၆၀၀၀) ကျပ်ဖြစ်၍ ယခင်နှစ်ထက်ပဲဈေးပိုမိုရရှိ ကြောင်း ကျေးရွာရှိတောင်သူများထံမှ သိရှိရပါသည်။ ပဲတီစိမ်းများအား သုံးခွမြို့နယ်ရှိ Bright Light Co.;Ltd မှ စတင်ဝယ်ယူနေပြီဖြစ်ကြောင်းသိရှိရပါသည်။

DOCA(ရန်ကုန်)