ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ် ဒေသထွက်ဂျင်းကို လွိုင်ကော်မြို့နယ် လင်ဖုံလေးကျေးရွာ၊ ကုန်းသာကျေးရွာနှင့် ဒီးမော့ဆိုမြို့နယ် ကုန်းသာကျေးရွာ၊ သေးဆူလဲကျေးရွာများတွင် အဓိကစိုက်ပျိုးကြပါသည်။ ဒေသထွက်ဂျင်းတွင် ဂျင်းကြီးနှင့် ဂျင်းသေးဟူ၍ (၂)မျိုးရှိရာ ပြည်နယ်အတွင်း လူသုံးများသောကြောင့် အရောင်းသွက်သော ဟင်းခတ်အမွေးအကြိုင်တစ်မျိုးဖြစ်ပါသည်။ ယခု ဇန်နဝါရီလတတိယပတ်တွင် ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဂျင်းကြီးတစ်ပိဿာဈေးနှုန်း မှာ(၂၀၀၀) ကျပ်၊ ဂျင်းသေးတစ်ပိဿာဈေးနှုန်းမှာ(၂၀၀၀)ကျပ်ဖြစ်ပြီး ယခင်ဒီဇင်ဘာလ တတိယပတ
စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သော အာလူးကိုယခင်က လွိုင်ကော်၊ ဒီးမော့ဆိုမြို့နယ် များတွင် စိုက်ပျိုးလျက်ရှိပြီး ယခုအခါ စိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် အခြားဒေသများဖြစ်သည့် ပင်လောင်း၊ အောင်ပန်းနှင့် နောင်တရားမြို့တို့မှ အများဆုံးတင်သွင်းရောင်းချလျက်ရှိပါသည်။
ကယားပြည်နယ်အနေဖြင့် နေကြာ(မိုး)နှင့် နေကြာ(ဆောင်း)ဟူ၍ စိုက်ပျိုးကြသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသကဲ့သို့ နေကြာသီးနှံသည်လည်း ဆီဖူလှုံရေးအတွက် စိုက်ပျိုးလာကြသည်။ နေကြာသီးနှံကို စိုက်ပျိုးမည် ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ-၂တို့ကို ရွေးချယ်၍စိုက်ပျိုးသင့်သည်။ နေကြာကို သီးသန့်ဖြစ်စေ၊ သီးညှပ်ဖြစ်စေ စိုက်ပျိုးကြသကဲ့သို့ ယာမြေများတွင် မိုးသီးနှံရိတ်သိမ်းပြီးချိန်တွင် စိုက်ပျိုးကြသည်။ နေကြာကို စက်တင
နေ့စဉ်ဟင်းလျာထဲတွင်မပါမဖြစ်သော စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ခရမ်းချဉ်သီးကို မိုင်းလုံးရပ်ကွက် ၊ ရွာတန်းရှည်ရပ်ကွက်နှင့် လင်ဖုံလေးကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/7. tomato.jpg?itok=w50OpWeP)
၂၀၂၃ခုနှစ်၊ဇန်နဝါရီလ တတိယအပတ်တွင် လွိုင်ကော်မြို့ရှိ အခြေခံစားကုန်များဖြစ်သော ရွှေဘို ပေါ်ဆန်း တစ်ပြည်(၄၇၀၀)ကျပ်၊ဧည့်မထဆန် တစ်ပြည်(၃၀၀၀)ကျပ် ငစိန်ဆန်တစ်ပြည် (၂၀၅၀) ကျပ်ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။ မြေပဲဆီ တစ်ပိဿာလျှင်(၁၂၀၀၀)ကျပ်၊ စားအုံးဆီ တစ်ပိဿာလျှင်(၅၈၀၀)ကျပ်၊ နှမ်းဆီတစ်ပိဿာလျှင်(၁၃၀၀၀)ကျပ်၊ နေကြာဆီတစ်ပိဿာလျှင်(၁၄၀၀၀) ကျပ် တို့ဖြင့် အရောင်းအဝယ်ပြုလုပ်လျက်ရှိပါသည်။ငရုတ်ခြောက်အမျိုးအစားအလိုက် တစ်ပိဿာ (၁၅၀၀၀)ကျပ်မှ(၁၆၀၀၀)ကျပ်ထိ၊ ကြက်သွန်နီတစ်ပိဿာလျှင် (၃၇၀၀)က
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/18.11.jpg?itok=QBw2be8c)