Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jan 2023

          ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့်ပင်လယ်ပြင်အထက်ပေပေါင်း ၁၂ဝဝ နှင့်ပေ၂ဝ⁠ဝဝ ကြားရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော် မြင့်တတ်သည်။ ကော်ဖီပင်တွင် အရွက်နှင့်အကိုင်းများဆုံသည့် အရွက်ညှာခွများတွင်အလွန် မွှေးကြိုင်သည့်ပန်းဖြူများ အစုလိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ်ခန့်တွင်စတင်သီးပွင့် လာကြ၍ ၅ နှစ်သားအရွယ်တွင်သီးအား ပြည့်စုံလာသည်။  တ

16 Jan 2023

       မကွေးတိုင်းဒေသကြီးသည် ပူပြင်းခြောက်သွေ့သော အပူပိုင်းဇုံ၌တည်ရှိပြီး ဒီဇင်ဘာလ( ၂၅ )ရက်နေ့မှစ၍ အအေးပိုလာခဲ့ရာ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များမှာ နှာစေးချောင်းဆိုးများ၊ ဖျားနာမှုများ ဖြစ်ပွားလျက်ရှိရာ မကွေးမြို့ပေါ်ရှိဆေးဆိုင်များတွင် ဖျားနာမှုအတွက် အဓိကဝယ်ယူလျက်ရှိရာ အိမ်သုံးဆေးဝါးများမှာ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်နှင့် ဒုတိယအပတ်တွင် ဆေးဝါးစျေးနှုန်းများ အတက်အကျရှိကြောင်း သိရှိရပါသည်။

16 Jan 2023

         ကယားပြည်နယ်တွင် အုန်းသီးကို လွိုင်ကော်မြို့၊လောပိတကျေးရွာ၊ မှုံပြာကျေးရွာ၊ ဘောလခဲ ခရိုင်ရွာသစ်မြို့ ဖားဆောင်မြို့တို့တွင် မိသားစုအပိုဝင်ငွေရရှိစေရေးအတွက် တစ်နိုင်တစ်ပိုင်စိုက်ပျိုး ကြပြီး ဒေသအတွင်းထွက်ရှိသော အုန်းသီးကို မြန်မာရိုးရာမုန့်များပြုလုပ်ရာတွင် အသုံးပြုရန်အတွက်လည်းကောင်း၊ အုန်းသီးကို အုန်းဆီ အဖြစ် ထုတ်လုပ်၍ရောင်းချကြပါသည်။ ယခုဇန်နဝါရီအတွင်း ဖြစ်ပေါ်နေသောအုန်းသီးဈေးနှုန်းမှာ အုန်းသီးအလုံးသေးတစ်လုံးလျှင် ( ၈၀၀ )ကျပ်အုန်းသီး အလုံးကြီး တစ်လုံးလျှင်(၁၀၀၀)ကျပ်ခ

16 Jan 2023

        မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် ဆီထွက်သီးနှံကဏ္ဍ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် ယခုနှစ်တွင် ဆောင်းနေကြာအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလမှ စတင်စိုက်ပျိုးခဲ့ရာ (၄၀၃)ဧက စိုက်ပျိုးထားပြီးဖြစ်ကြောင်း ချောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနစာရင်းများအရ သိရှိရပါသည်။

16 Jan 2023

ပြည်ဈေးကွက်၌ ၂၀၂၃ ခုနှစ်၏ နှစ်စဖြစ်သော ဇန်နဝါရီလ ဒုတိယပတ်တွင် နှမ်းနက်နှင့် စမုံနက်နှမ်းများ ဝယ်လိုအားများလာသဖြင့် ဈေးပြန်မြင့်လာခဲ့ပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့ရန်အတွက် မန္တလေးလိုင်းသမားများက ဝယ်ယူမှုရှိသဖြင့် ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရှိရပါသည်။ နှမ်းနီမှာ ဒေသတွင်းဆီစက်သမားများက ဆီကြိတ်ရန်အဝယ်ရှိသော်လည်း ပြည်ခရိုင်တွင် နှမ်းနီစိုက်ပျိုးမှုနည်းသွားသဖြင့် အခြားတိုင်းများသို့သွားရောက်၍ ဝယ်ယူကြိတ်ခွဲရသည်ဟု သိရှိရပါသည်။ နှမ်းဈေးများမှာ ယခင်နှစ်ကထက်စာလျှင် ယခုနှစ်အစတွင်

Pages