ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့်ပင်လယ်ပြင်အထက်ပေပေါင်း ၁၂ဝဝ နှင့်ပေ၂ဝဝဝ ကြားရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော် မြင့်တတ်သည်။ ကော်ဖီပင်တွင် အရွက်နှင့်အကိုင်းများဆုံသည့် အရွက်ညှာခွများတွင်အလွန် မွှေးကြိုင်သည့်ပန်းဖြူများ အစုလိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ်ခန့်တွင်စတင်သီးပွင့် လာကြ၍ ၅ နှစ်သားအရွယ်တွင်သီးအား ပြည့်စုံလာသည်။ တစ်ပင်လျှင်အနှစ် ၂ဝမျှကြာအောင် သီးပွင့်လေ့ရှိသည်။ အသီးများသည်ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင်နောက် ဆုံးတွင်နီသွားသည်။ ရာသီဥတုကောင်းသောဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင်နှစ်ကြိမ် သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်းမှာပင်အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကိုတစ် ပြိုင်နက် တွေ့ရတတ်သည်။ ကော်ဖီကို အဖျော်ယမကာအဖြစ် မြှင့်တင် ဂုဏ်ပြုသောအားဖြင့်နှစ်စဉ် အောက်တိုဘာ ၁ ရက်ကို “International Coffee Day - အပြည်ပြည်ဆိုင်ရာကော်ဖီနေ့” အဖြစ် သတ်မှတ်ထားသည်။ ကော်ဖီတွင်ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ်ပေးနိုင်သည့်ခန္ဓာကိုယ် အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း ( ခေါ် ) antioxidant အာဟာရဓာတ်သတ္တုများစွာပါဝင်နေသည်။ ကော်ဖီသည် ခန္ဓာကိုယ်တွင်းအဆီလောင်ကျွမ်းမှုကို ကော်ဖီကအားပေးကူညီပေးနိုင်သည်။ အသည်းကိုအားကောင်းလာစေသည်။ မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးမှုကို တိုးချဲ့ဆောင်ရွက်နိုင်ပါက ၂၀၃၀ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်ခြောက်သောင်းအထိရှိလာမည်ဖြစ်သည်။ မြန်မာနိုင်ငံထွက်ကော်ဖီတို့ကို အမေရိကန်နိုင်ငံ၊ ဥရောပ၊ ဂျပန်နိုင်ငံ၊ တောင်ကိုရီးယားနိုင်ငံ၊ထိုင်းနိုင်ငံ၊ တရုတ်နိုင်ငံတို့အထိပါတင်ပို့ရောင်းချလျက်ရှိသည်။ အမေရိကန်နိုင်ငံကဲ့သို့သော တင်ပို့သည့် အရည်သွေးမြင့်မြန်မာကော်ဖီသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၀၀၀ခန့်ရရှိသည်။ လက်ရှိချိန်၌ မြန်မာနိုင်ငံ၏နှစ်စဉ်ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုသည် တန်ချိန်၇၀၀၀ခန့်ရှိ၍ထက် ဝက်ခန့်ကိုပြည်ပနိုင်ငံများသို့တင်ပို့ရောင်းချလျက်ရှိသည်။[ ကော်ဖီသည် စိုက်ပျိုးသည့် ရေမြေရာသီဥတုပထဝီအနေအထားတို့ကို လိုက်၍ ကော်ဖီစေ့၏အနံ့အရသာတို့အမျိုးအမျိုးကွဲပြားခြားနားလျက် ရှိရာမြန်မာ့ကော်ဖီသည်လည်း ကမ္ဘာ့ကော်ဖီစျေးကွက်တွင်အမည်ကောင်းရရှိထားပြီး ဖြစ်သလိုအရေးပါသည့်တန်ဖိုးမြင့်သီးနှံအဖြစ်တိုးချဲ့စိုက်ပျိုးထုတ်လုပ်တင်ပို့နိုင်ရန်ဆောင်ရွက်လျှက်ရှိသည်။ ကဖိန်း ဓာတ်ကသွေးထဲရှိ ဖက်တီးအက်ဆစ်ပမာဏကိုတိုးပွားစေကာ၊ ထိုအက်ဆစ်တွေကို ခန္ဓာကိုယ် ကြွက်သား များကစုပ်ယူလောင်မြိုက်ပေးသဖြင့်ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်း ကိုသက်သာစေသည်။ ထိုနောက် သုတေသန ကော်ဖီကအရေပြားကင်ဆာနှင့်ရင်သားကင်ဆာဖြစ်နိုင်ခြေလွန်စွာ နည်းပါး စေနိုင်ပါသည်။ ကော်ဖီအမျိုးပေါင်း ၈ဝ ခန့်ရှိ၏။ နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလိုမြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသည့်အလေ့အထရှိကြသည်။ မြန်မာနိုင်ငံ၌ စျေးကွက်ဝင်ကော်ဖီမျိုးစိုက်ပျိုးလျက်ရှိပါသည်။
လက်ရှိကော်ဖီစိုက်ဧကသုံးသောင်းကျော်ရှိပြီး ဒေသအလိုက်ကော်ဖီစေ့မှကော်ဖီမှုန့်ဖြစ်လာသည့် အာရေဘီကာနှင့်ရိုဘက်စတာမျိုးနှစ်မျိုးကိုအဓိကစိုက်ပျိုးကြသည်။ ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှုအများဆုံးဖြစ်ပြီးစျေးကွက်အတွင်းနာမည် ရရှိပြီးဖြစ်ပါသည်။ အမေရိကန်တွင် အရက်စွဲနေသူ လူဦးရေတစ်သိန်းနှစ်သောင်းကျော်ကို ၂၂နှစ်ကြာသုတေသနပြုချက်များအရ နေ့စဉ် ကော်ဖီတစ်ခွက်ပုံမှန် သောက်သူတွေမှာ အရက်ကြောင့်ဖြစ်သည့် အသည်းခြောက်ရောဂါဖြစ်နိုင်ခြေ အလားအလာ၂၀ရာခိုင်နှုန်းလျော့ကျစေကြောင်းလေ့လာသိရသည်။ အင်္ဂလန်နိုင်ငံရှိ စမ်းသပ်ချက်အရ အမျိုးသမီးဦးရေ၄၅၆၀၀၀ကို လေ့လာခဲ့ရာ တစ်နေ့ကော်ဖီသုံးခွက်သောက်သုံးလေ့ရှိသော အမျိုးသမီးများမှ သားအိမ်ကင်ဆာဖြစ်ပွားနိုင်မှုအန္တရာယ်ကို ၁၈ရာခိုင်နှုန်းလျှော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။ ကော်ဖီသည် စိတ်ကျရောဂါကိုပျောက်ကင်းစေသည်ဟု သုတေသနမှတ်တမ်းများအရ ဆိုနိုင်သည်။ နေ့စဉ်ကော်ဖီစစ်စစ်နှစ်ခွက်သောက်သုံးခြင်းဖြင့် ဦးနှောက်၏စွမ်းအင်ကိုတိုးတက်လာစေနိုင်ကြောင်းနှင့် အဆိုပါတွေ့ရှိမှုကို ဦးနှောက်အမေ့လွန်ရောဂါနှင့်ပတ်သက်သည့် အယ်လ်ဇိုင်းမားဖြစ်ပွားမှုကို လျော့ချပေးနိုင်သည် ပညာရှင်များကဆိုကြပါသည်။ ကော်ဖီတွင်ပါဝင်သောကဖင်းဓါတ်က ခါးသက်သောဓါတ်တစ်မျိုးဖြစ်ကြောင်း ဖော်ပြထားသောလေ့လာမှုများရှိသည်။ ကဖင်းဓါတ်သည် ခန္ဓာကိုယ်၏ဇီဝဖြစ်ပျက်မှုအပေါ်တွင် အကျိုးသက်ရောက်မှုများစွာ ရှိပါတယ်။ ပင်မအာရုံကြောမကိုလှုံ့ဆော်ခြင်းကဲ့သို့သော အာနိသင်များရှိသည့်အတွက် ကော်ဖီသောက်ခြင်းသည် ပိုမိုလန်းဆန်းတက်ကြွစေပြီး အင်အားတက်စေပါသည်။
DOCA(ကယား)