ကုန်သွယ်မှုသတင်းများ
ကယားပြည်နယ်တွင် အခြားဆီထွက်သီးနှံများအပြင် နေကြာသီးနှံကိုလည်းအဓိကစိုက် ပျိုးလျက်ရှိပြီး နေကြာသီးနှံကို လွိုင်ကော်ခရိုင်နှင့်ဘောလခဲ့ခရိုင်နှစ်ခုလုံး တွင်စိုက်ပျိုးလျှက်ရှိ ကြပါသည်။ ယခုနိုဝင်ဘာလအတွင်း ဈေးကွက်၌ ဖြစ်ပေါ်နေသော နေကြာဆီဈေးနှုန်း မှာ တစ်ပိဿာလျှင်(၁၄၀၀၀)ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပြီး ယခင်အောက်တိုဘာ လအတွင်း နေကြာဆီဈေးနှုန်းမှာတစ်ပိသာလျှင်( ၁၃၅၀၀ )ကျပ်သာရှိခဲ့ပြီး ယခင်လနှင့်ယခုလ နှိုင်းယှဉ်လျှင် နေကြာဆီဈေးနှုန်းမှာတစ်ပိဿာလျှင်(၅၀၀)ကျပ်ခန့် အနည်းငယ်မ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/နေကြာဆီ.jpg?itok=CBAYNFFk)
လွိုင်ကော်မြို့တွင် စက်သုံးဆီအရောင်းဆိုင်များ ပုံမှန်ရောင်းချလျှက်ရှိပြီး စက်သုံးဆီလက်လီ ဈေးနှုန်းများမှာ နိုဝင်ဘာလတတိယပတ်အတွင်း ဒီဇယ်ရိုးရိုးတစ် လီတာကို (၂၆၈၀) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို (၂၇၅၅) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာ ကို(၂၁၆၅)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာကို (၂၂၆၅)ကျပ်တို့ဖြင့် ရောင်းချလျက်ရှိပြီး ယခင် အောက်တိုဘာလတတိယပတ်အတွင်း ဒီဇယ်ရိုးရိုး တစ်လီတာကို (၂၈၀၅) ကျပ်၊ ဒီဇယ် (ပရီမီယမ်) တစ်လီတာကို(၂၈၈၀) ကျပ်၊ ဓါတ်ဆီ 92 တစ်လီတာကို (၂၀၇၀)ကျပ်နှင့် ဓါတ်ဆီ 95 တစ်လီတာ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/စက်သုံးဆီ_4.jpg?itok=OkaPkFUj)
ပြည်ဈေးကွက်သို့ ကျောက်ပန်းတောင်းဘက်မှ ကြက်သွန်နီ (၂၅) ပိဿာဝင်ဆံ့ အိတ် ၁၅၀ ခန့်၊ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၃၀၀ ခန့် အဝင်ရှိပြီး ဈေးနှုန်းမှာ ပွဲရုံလက်ကားဈေး (ကြီး/လတ်/ သေး) ကျပ် ၄၁၀၀-၃၉၀၀-၃၆၀၀ တို့ဖြင့် ရောင်းဝယ်မှုရှိနေပါသည်။ အရောင်းအဝယ်အနေဖြင့် ဝင်ရောက်မှု၏ ထက်ဝက်ခန့်ကို ပုံမှန်ဝယ်လက်များဖြင့် ရောင်းဝယ်မှုရှိနေပြီး ပြည်မြို့ဒေသတွင်း လက်လီဈေးများတွင် (ကြီး/လတ်/သေး)ကျပ် ၄၆၀၀-၄၄၀၀-၄၂၀၀ တို့ ရှိသဖြင့် ယခင်နိုဝင်ဘာ လဆန်းကာလများထက် တစ်ပိဿာလျှင် ပျမ်းမျှ ကျပ် ၅၀၀ ခန့
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၂၅.jpg?itok=W7yU8w7E)
ဟင်းသီးဟင်းရွက်အုပ်စုဝင်ဖြစ်သော ပန်းဂေါ်ဖီသည် စားသုံးသူများက ရာသီပေါ် အစားအစာအဖြစ် စားသုံးမှုများကြပါသည်။ ပန်းဂေါ်ဖီသည် ပြည်မြို့ရှိ ဈေးကြီးအပါအဝင် ကျန်ဈေးများတွင် အောက်တိုဘာလကုန်နှင့် နိုဝင်ဘာလဆန်းပိုင်းမှစ၍ ဝင်ရောက်လာပြီး စတင်ရောင်းချလျက်ရှိပါသည်။ ပန်းဂေါ်ဖီသည် အေး၍စိုစွက်သောရာသီဥတုကို ကြိုက်နှစ်သက်သဖြင့် မြေပြန့်ဒေသများတွင် စက်တင်ဘာလနှင့် အောက်တိုဘာလတို့တွင်စိုက်ပျိုးပြီး၊ တောင်ပေါ်ဒေသများတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးကြပါသည်။ ယခုအချိန် ပြည်ဈေးကွက်သို့ဝင်ရောက်လာ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/၁၂၄.jpg?itok=bhXso0VO)
မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂)မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြသည်။