Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Nov 2022

    မုံရွာခရိုင်၊ မုံရွာမြို့နယ်တွင် ကွမ်းကို မိမိတို့အိမ်ခြံဝင်းအတွင်း တစ်နိုင်တပိုင် အနေဖြင့်လည်းကောင်း၊ အပိုဝင်ငွေရရှိရန်အတွက်လည်းကောင်း စိုက်ပျိုးကြသည်။ ကွမ်းကို ဆောင်းစိုက်နှင့် မိုးစိုက်ဟူ၍ (၂)မျိုးခွဲ စိုက်ပျိုးကြပြီး မိုးစိုက်သည် ပိုးကျလွယ်သည့် အတွက် အစိုက်နည်းပြီး ဆောင်းစိုက်ကိုသာ ပိုမိုစိုက်ပျိုးကြသည်။

22 Nov 2022

        ပြည်ခရိုင်အနေဖြင့် နေကြာကို မိုးနေကြာနှင့်ဆောင်းနေကြာဟူ၍ စိုက်ပျိုးကြပါသည်။ လူသားတို့အတွက် အဓိကကျသောအခြေခံစားကုန်မှာ ဆန်ဖြစ်ပြီး စားသုံးဆီမှာ ဒုတိယအရေးပါသော စားသောက်ကုန်ဖြစ်ပါသည်။ စားသုံးဆီဖူလှုံရန်အတွက် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်းတို့ကို စိုက်ပျိုးကြသလို နေကြာသီးနှံသည်လည်း စားသုံးဆီဖူလှုံရေးအတွက် စိုက်ပျိုးသင့်သော ဆီထွက်သီးနှံတစ်မျိုးဖြစ်ပါသည်။ နေကြာသီးနှံကို စိုက်ပျိုးမည်ဆိုလျှင် မျိုးကောင်းမျိုးသန့်ဖြစ်သော ရေဆင်းစပ်မျိုးနေကြာနှင့် ဆင်းရွှေကြာ-၂ တို့ကို ရွေးခ

22 Nov 2022

         မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံ နိုင်ငံတစ်နိုင်ငံဖြစ်သည့် အားလျော်စွာ စပါး၊  ပဲမျိုးစုံနှင့် ဆီထွက်သီးနှံများအား အဓိကထား စိုက်ပျိုးလျက်ရှိသည်။ ဆီထွက်သီးနှံများအနက် နေကြာသည် မြန်မာ့ဆီ ဖူလုံရေးအတွက် တစ်ဖက်တစ်လမ်းက ပံ့ပိုးပေးသည့် သီးနှံလည်းဖြစ်သည်။ နေကြာသီးနှံသည် စားသုံးဆီအဖြစ်သော်လည်းကောင်း၊ မုန့်ပဲသရေစာအဖြစ်သော်လည်းကောင်း၊ ဆေးဝါးနှင့်‌ဆေးဝါးအထောက်ကူပြု ပစ္စည်းများအဖြစ်လည်းကောင်း၊ နိုင်ငံခြားတင်ပို့မှုတွင်လည်းကောင်း အရေးကြီးကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ နေကြာသီးနှံသ

22 Nov 2022

           ပြည်ပဲဈေးကွက်အတွင်း နိုဝင်ဘာလ ပဲဈေးနှုန်းအနေဖြင့် ပြည်ပဝယ်လိုအား ပဲသီးနှံဖြစ်သော မတ်ပဲသီးနှံဈေးလျော့နည်းလာခဲ့ကြောင်း သိရှိရပါသည်။  ပဲအသစ်အဝင်မရှိသော်လည်း လက်ကျန်ပဲအချို့ဖြင့် ရန်ကုန်ဝယ်လက်သမားဝယ်ယူမှုအပေါ်  အိတ် ၂၀၀/၃၀၀ ကျော် နေ့စဉ်ရောင်းဝယ်ခဲ့ကြရပြီး ပဲဈေးမှာ တစ်တင်း ၅၈၀၀၀ ကျပ်ဖြင့် ကျပ် ၆သောင်းအောက် လျော့နည်းရောင်းဝယ်နေခဲ့ကြရပါသည်။ မျိုးပဲဝယ်ယူသည့်ကာလ အောက်တိုဘာလအတွင်း မတ်ပဲသီးနှံတစ်တင်း ကျပ် ၆ သောင်းကျော်ရရှိနေခဲ့သော်လည်း ယခုကာလတွင် မျိုးပဲအဝယ်များလည်းပါးသွားပ

22 Nov 2022

          ပြည်ပဲဈေးကွက်အတွင်း ပဲတီစိမ်းသစ်များ အဝင်များလာသောကြောင့် တစ်ရက်လျှင် အိတ် ၄၀၀/၅၀၀ ကျော် ပြည်အနီးတဝိုက်ဒေသများအပြင် ကံမမြို့နယ်ဘက်မှလည်း ဝင်ရောက်လျက်ရှိခဲ့ပါသည်။ ပဲအထွက်လှိုင်ချိန်ဖြစ်၍ ပဲဝင်ရောက်မှုများနေသလို ဝယ်လိုအားအနေဖြင့် မန္တလေးလိုင်း သမားများအပြင် ရန်ကုန်ဖက်မှလည်း နေ့စဉ် အဝယ်ရှိနေကြောင်း  သိရှိရပါသည်။  ပဲဈေးနှုန်းမှာ တစ်တင်း ၄၈၀၀၀ ကျပ်မှ ၄၉၅၀၀ ကျပ်အထိ ပဲအရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ဖြစ်ခဲ့ကြကြောင်း သိရှိရပါသည်။  ပဲသစ်ပေါ်စမှာ တစ်တင်း ၄၅၀၀၀ ကျပ်သာ ရရှိခဲ့

Pages