Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Oct 2022

     ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၊ ဖောင်းကံရပ်ကွက်တွင် မိရိုးဖလာအိုးလုပ်ငန်းများ လုပ်ကိုင် ဆောင်ရွက်နေသော လုပ်ငန်းရှင်နှင့်တွေ့ဆုံရန် စားသုံးသူရေးရာဦးစီးဌာန၊ ပန်းတောင်းမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် (၂၁.၁၀.၂၀၂၂) နေ့ နံနက်ပိုင်းတွင် အိုးအမျိုးမျိုး ထုတ်လုပ်ရောင်းချခြင်းနှင့် ဈေးနှုန်းဈေးကွက်အခြေအနေများအား သိရှိနိုင်ပါရန် သွားရောက်ခဲ့ပါသည်။

27 Oct 2022

      ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင် ဝါအများဆုံးစိုက်ပျိုးပြီး စိုက်ဧကအနေဖြင့် (၅၈) ဧကရှိပါသည်။ ပြည်မြို့နယ် အတွင်းရှိ ဘန့်ပြင်ရွာတွင် (၅၀)ဧက၊ မြောင်ကြီးကျေးရွာတွင် (၈)ဧက စိုက်ပျိုးပါသည်။ စိုက်ပျိုးသော ဝါအမျိုးအစားများမှာ ချည်မျှင်ရှည်ဝါ၊ အာမိုဝါနှင့် ၆၆၆ ဝါတို့ဖြစ်ပါသည်။ ဝါတစ်ဧကစိုက်ပျိုးလျင် ဝါမျိုးစေ့ တစ်ထုတ်နှုန်းဖြင့် မျိုးစေ့ချ၍စိုက်ပျိုးပြီး မျိုးစေ့ တစ်ထုတ်လျှင် (၃၀၀၀၀)ကျပ်ဖြင့် ဝယ်ယူ၍စိုက်ပျိုးကြပါသည်။ ဝါပင်များ စိုက်ပျိုးရာတွင် အတန်းလိုက် စိုက်ပျ

27 Oct 2022

     ပြည်ဈေးကွက်ရှိ ကြက်သွန်ဖြူ(ကြူကုတ်)မှာ လက်ကား(ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၄၂၀၀၊ လက်လီဈေး ကျပ် ၄၂၀၀-၄၃၀၀၊ ရှမ်းစ လက်ကား (ပွဲရုံဈေး) တစ်ပိဿာလျှင် ကျပ် ၃၂၀၀-၃၅၀၀-၃၈၀၀-၄၂၀၀၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၄၀၀၀-၄၅၀၀ဖြင့် ဈေးငြိမ်လျက် ရှိပါသည်။ နေ့စဉ်ရှမ်းပြည်နယ်၊ အောင်ပန်းမှ အဝင်များရှိခဲ့သည့်အတွက် ဈေးလျော့လာခဲ့ရာမှ ယခုတစ်ပတ်တွင် ဈေးငြိမ်နေခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အရောင်းအဝယ်အနေဖြင့် မြို့နယ်တွင်းရှိ လက်ကား ဝယ်ယူသူများ၊ အခြားမြို့နယ်များမှ အမှာရှိသူများနှင့် လက်လီဝယ်ယူသ

27 Oct 2022

       ပြည်ပွဲရုံများသို့ ယခုအပတ်တွင် ဝင်ရောက်လာသော ချင်းမှာ ရင့်ပြီး အရည်အသွေး ကောင်းလာသည့်အတွက် လက်ပံတန်း၊ ရခိုင်၊ ကြံခင်း နှင့် ပေါင်းတည် ဝယ်လက်များက အဝယ်လိုက်လာကြောင်း သိရှိရပါသည်။ ရခိုင်ဘက်မှ ဘင်္ဂလားဒေ့ရှ်အထိ ဝယ်ယူနေကြောင်းနှင့် ယခင်ချင်းဈေး အနည်းငယ်တက်လာကြောင်း သိရှိရပါသည်။ ယခုအပတ်ချင်း တစ်ပိဿာဈေးနှုန်းများမှာ ပွဲရုံဈေး ၁၀၀၀-၁၅၀၀ကျပ်နှင့် အိတ်စွဲဈေးများဖြစ်ပြီး လက်လီဈေးများမှာ တစ်ပိဿာလျှင် ၂၀၀၀-၂၁၀၀ကျပ်ထိ ရောင်းချလျက်ရှိပါသည်။ ဓါးလှီးချင်းဈေးများမှာ တစ်ပိဿာလျှင် ၂၀၀၀

27 Oct 2022

    ပြည်ဈေးကွက်တွင် ယခုအပတ်မန်ကျည်းမှည့်လက်ကျန် အဝယ်လိုက်ကာ ဈေးကောင်းရလျက်ရှိနေပါသည်။ ဒေသတွင်း ဝယ်လက်သမားများအပြင် ရန်ကုန်နှင့် ရခိုင်ဝယ်လက်များက အဝယ်ရှိနေသောကြောင့် မန်ကျည်းမှည့်လက်ကျန်နည်းလာသော်လည်း ဈေးကောင်း ရရှိလျက်ရှိနေပါသည်။ ယခုအောက်တိုဘာတတိယပတ်တွင် မန်ကျည်းမှည့်(ပွဲရုံဈေး) တစ်ပိဿာလျှင် ၄၃၀၀ ကျပ်ဖြစ်ပြီး ဒေသတွင်းလက်လီ တစ်ပိဿာလျှင်၅၀၀၀    ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိနေပါသည်။ လက်လီသမားတို့လည်း အဝယ်ရှိနေသောကြောင့် မန်ကျည်းမှည့်ဈေးကောင်းလျက် ရှိပါသည်။

Pages