Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
27 Oct 2022

       မြန်မာ့ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် မုန့်လေပွေသည် သီတင်းကျွတ်လတွင်သာ ရရှိသည့် ရာသီပေါ်သားရေစာအဖြစ် စားသုံးရသည့် မုန့်တစ်မျိုးဖြစ်ပါသည်။

27 Oct 2022

      ပြည်ဈေးကွက်ရှိ နနွင်းပွဲရုံသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းမြို့တို့မှ နနွင်းများ ပုံမှန် ဝင်ရောက်လျက်ရှိပြီး ဝယ်လိုအားကောင်းလာသော်လည်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ နနွင်း ဈေးများမှာ အောက်တိုဘာလ တတိယပတ်တွင် နနွင်း အတက်ကြီးတစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ နနွင်းအတက်သေးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အသေးအညှပ်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ယခင် အောက်တိုဘာလဆန်းကအတိုင်း ဈေးငြိမ်နေသော်လည်း ဒေသတွင်း လက်လီသမားများနှင့် ခြင်ဆေးထွန်းရန် ဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

27 Oct 2022

      ပြည်ဈေးကွက်သို့ ဆိပ်ဖြူဘက်မှ ကြက်သွန်နီအိတ် ၃၀၀ကျော် ပခုက္ကူဘက်မှ ကြက်သွန်နီ အိတ် ၂၀၀ခန့် ရက်ခြားအဝင်ရှိနေပါသည်။ ဈေးနှုန်းမှာ ပြည်ဈေးကွက်၌ ဩဂုတ်လစတုတ္ထပတ်တွင် တစ်ပိဿာလျှင် ကျပ် ၃၀၀၀ကျော်ထိ ဈေးများတက်လာခဲ့ပြီး အောက်တိုဘာလပထမပတ်တွင် တစ်ပိဿာလျှင်ပျမ်းမျှကျပ် ၃၀၀နှုန်းခန့် ဈေးပြန်ကျပြီး ယခုကာလတွင် တစ်ပိဿာလျှင် ကျပ် ၄၀၀၀ခန့် ထိ ဈေးများ ပိုမိုမြင့်တက်သွားပါသည်။ ဈေးများမြင့်တက်သဖြင့် တစ်ပိဿာလျှင် ကျပ် ၃၄၀၀-၃၆၀၀ ရှိသော ကြက်သွန်နီအသေးစများသာ ပိုမိုရောင်းဝယ်မှုရှိနေပါသည်။ အရောင

27 Oct 2022

       ပြည်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကား သမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့ရှိ ပွဲရုံများမှ တစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့နယ် မင်းကုန်းကျေးရွာတွင် အများအပြား စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပြည်မြို့တွင်စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ တစ်ပိဿာလျှင် ၈၀၀ဝိ-၉၀၀ဝိကျပ်၊ ပီနန် ငရုတ်သီးစိမ်းမှာ တစ်ပိဿာလျှင်

27 Oct 2022

       ပြည်ပဲမျိုးစုံဈေးကွက်တွင် မတ်ပဲသီးနှံအနေဖြင့် အောက်တိုဘာလဆန်းရက်မှာ တစ်တင်းလျှင် ကျပ် ၆သောင်းအောက် လျော့ကျလာခဲ့ပြီး ယခုရက်များတွင် တစ်တင်းလျှင် ကျပ် ၆သောင်းကျော် ပြန်လည်ရရှိလာခဲ့ပါသည်။ ပဲအဝင်မရှိသော်လည်း လက်ကျန်လှောင်ပဲများရှိသေးသည့်အတွက် ရန်ကုန် ဝယ်လက် ဝယ်လိုအားရှိမှုအပေါ် တစ်ရက်အိတ် ၂၀၀/၃၀၀ကျော် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ မတ်ပဲသီးနှံဈေးမှာ ငွေဈေးအတက်အကျပေါ်မူတည်၍ ဈေးအပြောင်းအလဲဖြစ်ခဲ့သောကြောင့် ဈေးအမြင့်ဖြင့်သာ ယခုနှစ်ရောင်းဝယ်ခဲ့ကြသည်ကိုတွေ့ရှိရပါသည်။ တစ်ချို့လှောင်

Pages