Main menu

ပြည်နနွင်းနှင့် ဟင်းသီးဟင်းရွက်ဈေးကွက်

Powered by Drupal

      ပြည်ဈေးကွက်ရှိ နနွင်းပွဲရုံသို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်းမြို့တို့မှ နနွင်းများ ပုံမှန် ဝင်ရောက်လျက်ရှိပြီး ဝယ်လိုအားကောင်းလာသော်လည်း ဈေးငြိမ်နေသည်ကို တွေ့ရှိရပါသည်။ နနွင်း ဈေးများမှာ အောက်တိုဘာလ တတိယပတ်တွင် နနွင်း အတက်ကြီးတစ်ပိဿာလျှင် ၅၅၀၀ ကျပ်၊ နနွင်းအတက်သေးတစ်ပိဿာလျှင် ၄၅၀၀ကျပ်၊ အသေးအညှပ်တစ်ပိဿာလျှင် ၃၀၀၀ ကျပ်ဖြင့် ယခင် အောက်တိုဘာလဆန်းကအတိုင်း ဈေးငြိမ်နေသော်လည်း ဒေသတွင်း လက်လီသမားများနှင့် ခြင်ဆေးထွန်းရန် ဝယ်ယူသူများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

      ပြည်ဈေးကွက်တွင် ယခုအောက်တိုဘာလ တတိယပတ်တွင် ရောင်းဝယ်လျက်ရှိသော ဟင်းသီးဟင်းရွက်ဈေးနှုန်းများမှာ ချဉ်ပေါင်ရွက်တစ်စည်းလျှင် ၁၀၀ကျပ်၊ ကန်စွန်းရွက် တစ်စည်းလျှင် ၅၀ကျပ်၊ ဂေါ်ဖီထုတ်တစ်ထုတ်လျှင် ၁၈၀၀ကျပ်၊ ပန်းဂေါ်ဖီတစ်ထုတ်လျှင် ၁၈၀၀ကျပ်၊ ငရုတ်သီးစိမ်းတစ်ပိဿာလျှင် ၈၀၀၀ကျပ်၊ ခရမ်းသီးတစ်လုံးလျှင် ၂၀၀ကျပ်၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၂၄၀၀ကျပ်၊ နံနံပင်တစ်စည်းလျှင် ၁၀၀ကျပ်၊ တိုင်ထောင်ပဲသီး(၁၀) တောင့်စည်း တစ်စည်းလျှင် ၂၀၀ကျပ်၊ ကြောင်လျှာသီးတစ်တောင့်လျှင် ၂၀၀ကျပ်၊ သံပုရာသီးတစ်လုံးလျှင် ၇၀ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)