Main menu

ပြည်မြို့ရှိ ငရုတ်သီးဈေးကွက်

Powered by Drupal

       ပြည်မြို့တွင် စားဖိုဆောင်သီးနှံဖြစ်သော ငရုတ်သီးကို ဒေသတွင်း လက်လီ/လက်ကား သမားများဖြင့်သာ အရောင်းအဝယ်ပုံမှန်ဖြစ်လျက်ရှိပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့ရှိ ပွဲရုံများမှ တစ်ဆင့် ဈေးများ၊ ကုန်စုံဆိုင်များ၊ ကျေးရွာများသို့ လက်လီ/လက်ကားရောင်းချကြောင်း သိရှိရပါသည်။ ငရုတ်သီးစိမ်းကို ပြည်မြို့နယ် မင်းကုန်းကျေးရွာတွင် အများအပြား စိုက်ပျိုးကြောင်း သိရှိရပါသည်။ ပြည်မြို့တွင်စိုက်ပျိုးသော ကျောက်စိမ်းငရုတ်သီးဈေးမှာ တစ်ပိဿာလျှင် ၈၀၀ဝိ-၉၀၀ဝိကျပ်၊ ပီနန် ငရုတ်သီးစိမ်းမှာ တစ်ပိဿာလျှင် ၉၀၀ဝိ-၁၀၀၀ဝိကျပ် ဈေးရှိကြောင်းသိရှိရပါသည်။ ငရုတ်သီးစိမ်း ဈေးမြင့်တက်လာမှုကြောင့် စိုက်ပျိုးသူ တောင်သူများလည်း အကျိုးအမြတ် ဖြစ်ထွန်းလာကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)