ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ၊ နတ်တလင်း မြို့နယ်တွင် စားအုန်းဆီများအား သက်သာ သော ဈေးနှုန်းဖြင့် ရောင်းချပေးခြင်းကို နတ်တလင်းမြို့ ရွာမရပ်ကွက် တာပွန်လမ်းရှိ အောင်ချမ်းသာ ဆီစက်တွင် ၄.၇.၂၀၂၂ ရက်နေ့ နေ့လည်ပိုင်း က စတင်ရောင်းချပေးခဲ့ကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး ၊ သာယာဝတီခရိုင် ၊ ဇီးကုန်းမြို့နယ်တွင် (၄.၇.၂၀၂၂) ရက်နေ့ နေ့လယ် ( ၁၃:၀၀) အချိန်၌ ဇီးကုန်းမြို့နယ်ရှိ ဒေသခံပြည်သူများအား ဦးခင်မောင်ဆွေ ကုန်စုံဆိုင်၊ ရုံးလမ်းတွင် စားအုန်းဆီများကို တစ်ပိဿာလျှင် ၆၃၀၀/ကျပ် ဈေးနှုန်းဖြင့် လူတစ်ဦးလျှင် တစ်ပိဿာနှုန်းဖြင့် ရောင်းချပေးခဲ့ပါသည်။
ယခုတစ်ပတ်တွင် ညောင်လေးပင်မြို့နယ်၏ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေး စျေးနှုန်းများ အနေဖြင့် 15 : 15 : 15 ( TE) MC 50 kg တစ်အိတ်လျှင် ၉၀၀၀၀ကျပ် ၊ 9:9:9 MC 50 kg တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ၊ 16 : 16 : 16 MC 50 kg တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ် ၊ ပုလဲသာ ( ရွှေနဂါး) ဓာတ်မြေသြဇာ 50kg တစ်အိတ်လျှင် ၇၅၀၀၀ ကျပ်၊ မြင်းပျံ ပုလဲ (သြဘာ) 50kg တစ်အိတ်လျှင် ၈၇၅၀၀ကျပ် ၊ ကောမတ်သြဘာ 50 kg တစ်အိတ်လျှင် ၈၇၅၀၀ကျပ် ၊ ပိုတက်ဓာတ်မြေသြဇာ ( GBS ပိုတက်) 50kg တစ်အိတ်လျှင် ၉၅၀၀၀
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီအနေဖြင့် စားအုန်းဆီ ကမ္ဘာ့ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုနှင့်အညီ ပြည်တွင်း၌ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းများ ဖြစ်ပေါ်စေရေး ထိန်းကျောင်းဆောင်ရွက်လျက်ရှိပြီး စားအုန်းဆီ အဓိက ထုတ်လုပ်တင်ပို့သည့် မလေးရှား နိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့တွင် ဖြစ်ပေါ်နေသည့် FOB ဈေးနှုန်းများကို နေ့စဉ် စောင့်ကြည့်ကာ သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ၊ ဘဏ်စရိတ်မျ
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇူလိုင်လ (၈)ရက်နေ့မှ ဇူလိုင်လ (၁၄)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စု ကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက် ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရ