ကုန်သွယ်မှုသတင်းများ
မုံရွာမြို့၌ ရှမ်းပြည်ဒေသထွက် နာနတ်သီးများ ဝင်ရောက်မှု ပိုမိုများပြားနေကြောင်း သိရှိရပါသည်။ ဇူလိုင်လဆန်းပိုင်းတွင် စတင်ဝင်ရောက်ပြီး ဩဂုတ်လတွင် လှိုင်လှိုင်ဝင်ရောက်မည် ဖြစ်ကြောင်း၊ လက်ရှိဈေးကွက်တွင် နာနတ်သီးများအရောင်းအဝယ်သွက်လျှက်ရှိကြောင်း သိရသည်။ ဈေးကွက်အတွင်း၌ နာနတ်သီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၅၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၁၀၀၀)ကျပ် ဝန်းကျင်ရောင်းချရကြောင်း၊ ဝယ်လိုအားအနေဖြင့် စားသုံးသူများ၊ သစ်သီးယိုစုံလုပ်ငန်းများ၊ သီးစုံအချဉ်ရောင်းချသူများ
မိုးဦးကျကာလ ဇွန်လ မိုးပွင့်လေးများကျလာပြီးဆိုတာနဲ့ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေ တိုးစေတဲ့ Araceae ( ခေါ် ) ပိန်းမျိုးရင်းတစ်မျိုးဖြစ်တဲ့ “ ဝဥ ” ပင်များကို စီးပွားဖြစ်စိုက်ပျိုးလေ့ ရှိကြပါတယ်။ “ ဝဥ ” အပင်များကို အပူပိုင်းဒေသများနှင့် အာဖရိကဒေသများတွင် သဘာဝ အလျောက်ပေါက်ရောက်ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်း၊ တောင်ပေါ်ဒေသများတွင် စနစ်တကျ စိုက်ပျိုး ဖြစ်ထွန်းမှုရှိသော အပင်တစ်ပျိုးဖြစ်တယ်။ ချင်းပြည်နယ်တောင်တန်းဒေသများတွင် ပေါက်ရောက်မှု ပိုများပြီး ဝင်ငွေကောင်းကာ ကျန်းမာရေးနှင့် သင့်တော်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့ပေါ်တွင် စည်ပင်သာယာဈေး၊ ကုန်းဘောင်ဈေး၊ အောင်ဇေယျဈေးနှင့် အခွန်လွတ်ဈေးဟူ၍ ဈေး(၄)ခုရှိပြီး ဈေးတိုင်းတွင် မိုးဦးကျကာလဖြစ်ပြီး မျှစ်ပေါ်ချိန် ဖြစ်၍ ရာသီပေါ်မျှစ်များ ရောင်းချလျက်ရှိပါသည်။ ရွှေဘိုမြို့ စည်ပင်သာယာဈေးကြီးအတွင်းတွင် မျှစ်မျိုးစုံ လက်လီ၊ လက်ကားရောင်းချသည့် ဆိုင်ကြီး(၅)ဆိုင်ရှိပြီး လက်လီရောင်းချသည့် ဆိုင်များစွာရှိပါသည်။ မျှစ်ရောင်းချရာတွင် မျှစ်စိမ်း၊ မျှစ်ပြုတ်၊ ဆေးဆိုးမျှစ်နှင့် မျှစ်ချဉ်များကို အဖူးလ
တမူးမြို့မှ ထွက်ရှိသည့် တမူးမျှစ်ပေါင်းသည် လူကြိုက်များပြီး ခရီးသွားပြည်သူများ ဝယ်ယူ စားသုံးလျက်ရှိပြီး နာမည်အလွန်ရသော ရာသီစာ မျှစ်ပေါင်းတစ်မျိုးဖြစ်ပါသည်။ ကုန်ကြမ်းအနေဖြင့် အိန္ဒိယနိုင်ငံ၊ မွလ်ဆန်ရွာမှ ထွက်ရှိသော ဝါးပါးမျှစ်ကို ဝယ်ယူရပါသည်။ မျှစ်စိမ်းတစ်ချောင်း ဝယ်ယူဈေးအနေဖြင့် တစ်ချောင်းလျင် ( ၂၀၀ ) ကျပ်ဖြင့် ဝယ်ယူရပါသည်။
အောင်လံကုန်စည်ဒိုင်တွင် နှမ်းဈေးကွက်အနေဖြင့် ယခင်အပတ်(၃၀.၆.၂၀၂၂)ရက်နေ့နှင့် ယခုအပတ်(၆.၇.၂၀၂၂)ရက်နေ့အတွင်း နှမ်းနက်(စမုံ)(၄၅ပိဿာ)မှာ ယခင်အပတ်(၁၇၀၀၀ဝိ/-) ရှိခဲ့ရာမှ ယခုအပတ်(၁၇၀၀၀ဝိ/-)၊ နှမ်းပြာယခင်အပတ် (၁၆၀၀၀ဝိ/-) ယခုအပတ်(၁၆၀၀၀ဝိ/-)၊ နှမ်းဖြူ ယခင်အပတ်(၁၆၅၀၀ဝိ/-) ယခုအပတ်(၁၆၅၀၀ဝိ/-)၊ နှမ်းနီ ယခင်အပတ် (၁၆၅၀၀ဝိ/-) ယခုအပတ် (၁၆၅၀၀ဝိ/-)အသီးသီးဖြစ်ခဲ့၍ ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်း သိရှိရပါသည်။