ကုန်သွယ်မှုသတင်းများ
ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇူလိုင်လ ပထမဆုံးပတ်တွင် စပါး /ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ နောက်ဆုံးပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၉၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၉၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၆၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၉၀၀၀၊ တန်အားဖြင့် ၅၄၅၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီးများသို့ ဆန
ကသာခရိုင်အတွင်းရှိ မြို့နယ်များသို့ ချင်း ၁၀ပိဿာ အိတ် တစ်ပါတ်လျှင် အိတ်(၂၀၀)မှ (၃၀၀) ခန့်ထိ ဝင်ရောက်လျက်ရှိပြီး ဈေးနှုန်းအနေဖြင့် ယခင်အပတ်က ချင်းလက်ကား တစ်ပိဿာလျှင် ၁၁၀၀ ကျပ်မှ ၁၃၀၀ ကျပ်၊ လက်လီဈေးမှာ ၁၆၀၀ ကျပ်မှ ၁၈၀၀ကျပ်သာရှိခဲ့ပြီး ယခုအပတ် လက်ကားဈေးမှာ ၁၃၀၀ကျပ်မှ ၁၅၀၀ကျပ်၊ လက်လီဈေးနှုန်းမှာ ၁၈၀၀ကျပ်မှ ၂၀၀၀ကျပ်ဖြစ်သဖြင့် ယခင်အပတ်ထက် ဈေးနှုန်းအနည်းငယ် မြှင့်တက်လာကြောင်း ချင်းရောင်းဝယ်သူ တစ်ဦးထံမှ သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် တိုင်းဒေသကြီးအတွင်း စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ် လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး တွန်းအားပေးဆောင်ရွက်လျက် ရှိပါသည်။ မိမိတို့ဌာနအနေဖြင့်လည်း စားသုံးသူရေးရာလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိရာ စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များတွင် ခရိုင်အတွင်း မြို့နယ်အလိုက် သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပါဝင် ဆောင်ရွက်ပေးလျက်
ပြည်ကုန်စည်ဒိုင်တွင် အရောင်းအဝယ်ဖြစ်လျှက်ရှိသော ပဲများ၏ ယခင်လ၊ ယခုဈေးနှုန်းနှင့် အရောင်းအဝယ်ဖြစ်မှုအခြေအနေကို နှိုင်းယှဉ်လေ့လာသိရှိရပါသည်။
မတ်ပဲ
ပြည်မြို့ဓါတ်မြေဩဇာဈေးကွက်၌ ပုံမှန်အရောင်းအဝယ်ဖြစ်လျှက်ရှိသော ဓါတ်မြေဩဇာနှင့် ပိုးသတ်ဆေးများ၏ ယခုတစ်ပတ် ဈေးနှုန်းများမှာ အာမို(ပုလဲ)တံဆိပ်မြင်းပျံလုံးကြီးမှာ ၈၈၀၀၀ ကျပ်၊ အာမို ၁၅ပတ်လည် ၉၇၀၀၀ကျပ်၊ ရွှေနင်္ဂါး Top(1) မှာ ၉၆၀၀၀ကျပ်၊ (TTT) တံဆိပ် MC ၁၅ပတ်လည်မှာ ၉၁၀၀၀ကျပ် ၊ အာမိုဓါတ်ဆားမှာ ၆၅၀၀၀ကျပ်၊ ပိုးသတ်ဆေးဈေးနှုန်းများမှာ ဂလိုင်ဖောက် (ဝိစာရ) ၄၇၅၀၀ကျပ်၊ အာမိုဂလိုက်တာ ၄၈၅၀၀ကျပ်၊ မင်းမဟော်တံဆိပ် သိုင်းရှင်း ပိုးသတ်ဆေးမှာ ၄၇၅၀၀ကျပ်တို့ဖြင့်သည်။ ဘိလပ်မြေဈေးမှာ ပုံမှန