Main menu

မုံရွာမြို့၌ နာနတ်သီး လှိုင်လှိုင်ဝင်ရောက်ကာ အရောင်းအဝယ်သွက်နေ

Powered by Drupal

           မုံရွာမြို့၌ ရှမ်းပြည်ဒေသထွက် နာနတ်သီးများ ဝင်ရောက်မှု ပိုမိုများပြားနေကြောင်း သိရှိရပါသည်။ ဇူလိုင်လဆန်းပိုင်းတွင် စတင်ဝင်ရောက်ပြီး ဩဂုတ်လတွင် လှိုင်လှိုင်ဝင်ရောက်မည် ဖြစ်ကြောင်း၊ လက်ရှိဈေးကွက်တွင် နာနတ်သီးများအရောင်းအဝယ်သွက်လျှက်ရှိကြောင်း သိရသည်။ ဈေးကွက်အတွင်း၌ နာနတ်သီး အရွယ်အစားပေါ်မူတည်၍ တစ်လုံးလျှင် အနိမ့်ဆုံးဈေး (၅၀၀)ကျပ်မှ အမြင့်ဆုံးဈေး (၁၀၀၀)ကျပ် ဝန်းကျင်ရောင်းချရကြောင်း၊ ဝယ်လိုအားအနေဖြင့် စားသုံးသူများ၊ သစ်သီးယိုစုံလုပ်ငန်းများ၊ သီးစုံအချဉ်ရောင်းချသူများက ဝယ်ယူကြသောကြောင့် ရောင်းအားသွက်လက်၍ အဆင်ပြေနေကြောင်း သိရှိရသည်။

              “ယခုနှစ်က ယခင်နှစ်ထက် ရာသီဥတုပိုမိုကောင်းမွန်တာကြောင့် ဈေးကွက်ထဲဝင်လာတဲ့ နာနတ်သီးအလုံးလည်းပိုလှတယ်၊ ရောင်းဈေးကလည်း ယခင်နှစ်ထက်တော့ ဈေးနှုန်းပိုတာလည်း ရှိတာပေါ့၊ ရာသီစာလည်းဖြစ်တော့ နာနတ်သီးရောင်းအားကတော့ အရောင်းအဝယ် သွက်တယ်”ဟု မုံရွာမြို့၊ နာနတ်သီးရောင်းချသူ တစ်ဦးထံမှ သတင်းရရှိပါသည်။

DOCA(စစ်ကိုင်း)