ကုန်သွယ်မှုသတင်းများ
ယခုအချိန်သည် မိုးရာသီကာလဖြစ်သည့်အတွက် မိုးရာသီအစားအစာထဲမှာ ချက်စားတာ တစ်မျိုး၊ ကြော်စားတာတစ်မျိုး၊ အတို့အမြုပ်အဖြစ် စားသုံးလို့ရသည့် သီးနှံတစ်မျိုးမှာ မျှစ်ဖြစ် ပါသည်။ ဈေးကွက်သို့ မျှစ်များသည် ဇွန်လ၊ ဇူလိုင်လ၊ ဩဂုတ်လနှင့် စက်တင်ဘာလများတွင် မျှစ်များ ရောက်ရှိလာပြီဖြစ်သဖြင့် စားသုံးသူများ ဝယ်ယူစားသုံးကြပါသည်။ မျှစ်များပေါ်ခါစ အချိန်တွင် ဈေးကောင်းများရရှိပြီး၊ အထွက်လှိုင်လာချိန်တွင် ဈေးများကျလာပါသည်။ ပြည်မြို့ရှိ ဈေးကွက်သို့ ပေါင်းခေါင်း၊ ပေါင်းတလည်နှင့် ပန်းတောင်းဘက်မှ မျှစ်အများဆ
ပြည်ခရိုင်၊ ပြည်မြို့တွင် ဗုံလုံသီး (ပဲလင်းမြွေသီး)များ စတင်ပေါ်ထွက်လာပြီ ဖြစ်ပါသည်။ ဗုံလုံသီးသည် သခွား၊ ဗူး၊ ဖရုံတို့လို အနွယ်ပင်ဖြစ်၍ မိုးရာသီတွင်ထွက်ပေါ်လေ့ရှိပြီး အဖြူရောင် ခပ်ရှည်ရှည်အသီးတစ်မျိုးဖြစ်ပါသည်။ ပြည်မြို့အနီးဝိုက်ရှိ ခြံများတွင်စိုက်ပျိုးကြပြီး နီးစပ်ရာ ဈေးများသို့ လာရောက်ရောင်းချကြပါသည်။ ပုတီးကုန်းဒေသမှလည်း ပြည်ဈေးကွက်သို့တင်ပို့ ရောင်းချကြသဖြင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျှက် ရှိပါသည်။ ထိုအသီးသည် အပေါ်ယံ အလွှာကို ဓားနှင့်ခြစ်ပြီး အရွယ်တော်အတ
ပြည်ခရိုင်အတွင်း နွေစပါးဈေးမှာ မြို့နယ်အလိုက် ဈေးမြင့်တက်နေပါသည်။ ပြည်မြို့နယ် တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း(၁၀၀) ၇၅၀၀၀၀ ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း (၁၀၀)လျှင် ၇၇၀၀၀၀ကျပ်၊ ပေါင်းတည်မြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း (၁၀၀) ၆၆၀၀၀၀ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း(၁၀၀)လျှင် ၇၄၀၀၀၀ကျပ်၊ သဲကုန်းမြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင် တင်း(၁၀၀)၇၂၀၀၀၀ ကျပ်၊ ဇွန်တတိယပတ်မှာ (၄၆)ပေါင်တင်း (၁၀၀)လျှင် ၇၃၀၀၀၀ကျပ်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇွန်ပထမပတ်က (၄၆)ပေါင်တင်း (၁၀၀
ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ် ပဲများဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။
တောင်ငူမြို့တွင် ကြက်သွန်နီဈေးနှုန်းမှာ ယခင်မေလက တစ်ပိဿာလျှင် ၈၀၀ ကျပ်သာရှိရာမှ ယခုဇွန်လအစောပိုင်းတွင် တစ်ပိဿာလျှင် ၁၈၀၀ ကျပ်အထိ မြင့်တက်နေသည်ကို တွေ့ရှိရပါသည်။
ယခုကဲ့သို့ ဈေးနှုန်းများတက်လာရခြင်းမှာ မိုးဦးစော၍ မိုးများစွာရွာသွန်းခြင်းကြောင့် ကြက်သွန်နီခင်းများ မိုးမိ၍ ပျက်စီးဆုံးရှုံးရခြင်းနှင့် သယ်ယူပို့ဆောင်ရာတွင် စက်သုံးဆီဈေးနှုန်းများ ကြီးမြင့်၍ ကားခများဈေးတက်ခြင်းကြောင့် ဖြစ်ပါသည်။