Main menu

ပြည်ကုန်စည်ဒိုင် ပဲမျိုးစုံဈေးမြင့်တက်

Powered by Drupal

          ပြည်ခရိုင်အတွင်းရှိ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ကုလားပဲ၊ ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ် ပဲများဖြင့်  အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် ဇွန်လပထမပတ် မတ်ပဲ ပိဿာ၂၀ဝင်တစ်တင်းကို ၄၈၀၀၀-၄၈၄၀၀-၄၈၅၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဒုတိယပတ်မှာ မတ်ပဲဈေးတက်လာပြီး ပဲတစ်တင်းကို ၄၉၀၀၀-၄၉၅၀၀-၄၉၇၀၀-၅၀၀၀၀-၅၅၀၀၀ ကျပ်ထိ ဈေးတက်လာခဲ့ပါသည်။ မတ်ပဲဈေးတက်နေသော်လည်း အရောင်းအဝယ်မှာ ပုံမှန်သာ အဝယ်ရှိပြီး တစ်ရက်ကို အိတ် ၁၀၀/၂၀၀ခန့်သာ ရန်ကုန်ဝယ်လက်ရှိခဲ့ပါသည်။

    မေလပထမပတ် ကုလားပဲသီးနှံဈေးမှာ ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၇၀၀၀-၄၇၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၈၅၀၀-၄၉၀၀၀ကျပ်ဖြင့် မြို့တွင်းရောင်းဝယ်မှုနှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။ မေလဒုတိယပတ်မှာ ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၈၀၀၀-၄၈၃၀၀-၄၈၅၀၀ ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၄၉၀၀၀-၄၉၅၀၀-၅၀၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ ဇွန်ဒုတိယပတ်မှာ ပဲဈေးထပ်တက်လာပြီး ကုလားပဲ (ဟော်လန်)တစ်တင်းကို ၄၈၈၀၀-၄၉၀၀၀-၄၉၅၀၀ကျပ်၊ ကုလားပဲ(မြကြေးမှုံ) တစ်တင်းကို ၅၀၀၀၀-၅၀၅၀၀ ကျပ်ထိဈေးတက်လာခဲ့ပြီး မြို့တွင်းခွဲစက်သမားများနှင့် ရန်ကုန်ဝယ်လက် တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့်အဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်၏ ပဲကြီးဈေးမှာ မေလ ပထမပတ် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၆၅၀၀၀-၆၇၀၀၀-၇၀၀၀၀ကျပ်ဖြင့် မြို့တွင်းပဲကြော်သမားများအဝယ်ရှိပြီး တစ်ရက်ကိုအိတ် ၂၀၀/၃၀၀ခန့် အရောင်းအဝယ်ဖြစ်ခဲ့ပါသည်။ ဒုတိယပတ် ပဲကြီး(ရွှေကျွန်း)တစ်တင်းကို ၆၇၀၀၀-၇၀၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး ရန်ကုန်ဝယ်လက်နှင့် မြို့တွင်းပဲကြော်သမားများ တစ်ရက်ကိုအိတ် ၃၀၀/၄၀၀ခန့် အဝယ်ရှိခဲ့ပါသည်။

      မေလပထမပတ်မှာ စားတော်ပဲ (ကျွန်း)သီးနှံတစ်တင်းကို ၈၃၀၀၀-၈၅၀၀၀ကျပ်ဖြင့် မြို့တွင်းအဝယ်ရှိပြီး တစ်ရက်ကို အိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်မှာ ပဲတစ်တင်းကို ၈၃၀၀၀-၈၅၀၀၀ကျပ်ဖြင့် ဈေးအေးနေခဲ့ပြီး တစ်ရက်ကိုအိတ် ၁၀၀/၂၀၀ခန့် မြို့တွင်း အရောင်းအဝယ်ရှိခဲ့ပါသည်။

          မေလပထမပတ် ဘိုကိတ်တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် အဝယ်ရှိခဲ့ပါသည်။ ဒုတိယပတ်မှာတော့ ဘိုကိတ်ပဲဈေးအေးနေပြီး တစ်တင်းကို ၃၅၀၀၀ကျပ်ဖြင့် တစ်ရက်ကိုအိတ် ၅၀/၁၀၀ခန့် မြို့တွင်းအဝယ်နှင့် ရန်ကုန်အဝယ်ရှိခဲ့ပါသည်။

          ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ကုလားပဲဈေးတက်နေသော်လည်း ပုံမှန်သာအရောင်းအဝယ် ရှိပြီး ပဲကြီး၊ စားတော်ပဲ၊ ဘိုကိတ်ပဲများမှာအေးနေပြီး မြို့တွင်းအဝယ်ရှိသောပဲများမှာတော့ အရောင်းအဝယ်ကောင်းလျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)