ကုန်သွယ်မှုသတင်းများ
ယခုတစ်ပတ် ဇွန်လ ဒုတိယပတ် သနပ်ပင်မြို့နယ်၏ စပါးဈေးနှုန်းများအနေဖြင့် နွေစပါးပေါင်(၅၀)တင်း ၁၀၀ လျှင် ၉၃၀၀၀၀ ကျပ်၊ မိုးစပါးပေါင် (၅၀) တင်း ၁၀၀ လျှင် ၉၅၀၀၀၀ကျပ်ဖြစ်ပြီး၊ ဆန်(၁၀၈) ပေါင်တစ်အိတ်လျှင် ၃၅၀၀၀ ကျပ်၊ ဆန်ကွဲ (၁၀၈) ပေါင်တစ်အိတ်လျှင် ၃၀၀၀၀ ကျပ် ၊ ဖွဲနုပေါင် (၆၀) တစ်အိတ်လျှင် ၁၃၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။ အရောင်းအဝယ်ဖြစ်မှုအနေဖြင့် သနပ်ပင်မှရန်ကုန်သို့ နေ့စဉ်တင်ပို့မှုရှိနေကြောင်း သိရှိရပါသည်။
နေပြည်တော် ဇွန် ၁၉
ပဲခူးတိုင်းဒေသကြီး(အနောက်) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်အချို့အား ဇွန်လပထမပတ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်သူများသုံးစွဲမှုအများဆုံး၊ ရောင်းအားအကောင်းဆုံး ဓာတ်မြေဩဇာနှင့် ပေါင်းသတ်ဆေးများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။
မိတ္ထီလာဈေးကွက်အနေနှင့် ရန်ကုန်၊ မော်လမြိုင်၊ မြဝတီမြို့များသို့ ကြက်သွန်နီတင်ပို့လေ့ရှိရာ ယခုရက်ပိုင်းဝယ်ရင်းစျေးမြင့်လာပြီး ရောင်းစျေးနိမ့်နေခြင်း၊ ကုန်တင်ခနှုန်းထား အနည်းငယ်မြင့်လာခြင်းတို့ကြောင့် နယ်ဝေးတင်ပို့မှုနည်းလာပါသည်။ ယခုရက်ပိုင်း ရန်ကုန်သို့ (၁၂)ဘီးကား (၁/၂)ရက်ခြားတစ်စီးနှင့် နီးစပ်ရာဒေသများသို့ လက်လီတင်ပို့မှုအနည်းငယ်သာရှိပါသည်။ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသောကြက်သွန်စျေးမှာ ယခင်တစ်ပတ်စျေးထက် (၁၅၀/၂၀၀) ဝန်းကျင်စျေးပိုလာရာ လက်က္ကားစျေးတစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀) စျေးရှိပြီ
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ၌ လာမည့်နွေစပါးပေါ်ချိန် ဇွန်လကုန် ဇူလိုင်လများတွင် ကြိတ်ခွဲမှု့လှိုင်လာမည်ဟု သိရပါသည်။