ကုန်သွယ်မှုသတင်းများ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်အတွင်း မြေပဲစိုက်ဧကမှာ (၅၁၅၄၁)ဧကကျော် စိုက်ပျိုးပြီး မျိုးအနေဖြင့် ဗီယက်နမ် တိုး(အဆံကြီး)နှင့် S1 (အဆံသေး) ပဲအဖြူမျိုးတို့အား အဓိကထား စိုက်ပျိုးကြပါသည်။ စိုက်ပျိုးချိန်အနေဖြင့် ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးကြပြီး မေလတွင် မြေပဲများအား စတင်နုတ်ကာ ဇွန်လကုန် တွင် အပြီးသတ်နုတ်ယူကြကြောင်း သိရှိရပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဇွန်လ ဒုတိယပတ်တွင် စပါး ဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇွန်လ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၂၄၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၃၇၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၆၅၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၄၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၄၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၇၇၅၀၀၊ တန်အားဖြင့် ၃၈၇၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသကြီး
ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံကြိတ်ခွဲထုတ်လုပ် ရောင်းချသော ဆီစက်လုပ်ငန်းရှင်( ၂) ဦးရှိပြီး လုပ်ငန်းရှင်တစ်ဦးမှ နဝတီကြိတ်ခွဲ ထုတ်လုပ်မှုများအား ဦးစားပေးလုပ်ကိုင်ပြီး အခြားလုပ်ငန်းရှင်တစ်ဦးမှ တစ်ပိုင်တစ်နိုင် ဖြန့်ဖြူးကြိတ်ခွဲ ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် စပါးသည် အဓိထားစိုက်ပျိုးသော သီးနှံအမျိုးအစားတွင် ပါဝင်ပြီး နှစ်စဉ် မိုးစပါး စိုက်ဧက (၄၈၆၉၂) ဧကကျော် စိုက်ပျိုးလျှက်ရှိပါသည်။ တောင်သူများမှ မတ်လတွင်စတင်၍ မိုးစပါး ကြဲခင်းမြေယာများ စတင်ပြုပြင်ခဲ့ပြီး ယခင်နှစ်ထက် စောလျင်စွာ စိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုနှစ်တွင် ဧပြီလမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သူများအနေဖြင့် မိုးစပါးကြဲခင်းများကို တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးစိုက်ဧက (၃၀%)နှုန်းခန့် စိုက်ပျိုးပြီးစီးခဲ့ပြ
ပဲခူးတိုင်းဒေသကြီး ၊ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးနှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။