ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံကြိတ်ခွဲထုတ်လုပ် ရောင်းချသော ဆီစက်လုပ်ငန်းရှင်( ၂) ဦးရှိပြီး လုပ်ငန်းရှင်တစ်ဦးမှ နဝတီကြိတ်ခွဲ ထုတ်လုပ်မှုများအား ဦးစားပေးလုပ်ကိုင်ပြီး အခြားလုပ်ငန်းရှင်တစ်ဦးမှ တစ်ပိုင်တစ်နိုင် ဖြန့်ဖြူးကြိတ်ခွဲ ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။
တစ်ပိုင်တစ်နိုင် ကြိတ်ခွဲထုတ်လုပ်ရောင်းချနေသော ဆီစက်လုပ်ငန်းရှင်မှ တစ်လလျှင် နှမ်းဆီ၊ ပဲဆီ ၂ မျိုးပေါင်း ပိဿာ ၄၀ မှ ၅၀ အထိသာ ရောင်းချရကြောင်း၊ ကုန်ကြမ်းရရှိမှုအပေါ် မူတည်၍ ကြိတ်ခွဲရပြီး ၂၀၂၂ ခုနှစ်၊ မတ်လလောက်တွင် ကုန်ကြမ်းဖြစ်သော နှမ်းများ မရရှိသဖြင့် နှမ်းဆီ မကြိတ်ခွဲနိုင်ကြောင်း၊ နေကြာကုန်ကြမ်း မရရှိ၍ နေကြာဆီ ကြိတ်ခွဲမှုမရှိကြောင်း သိရှိရပါသည်။ ယခင်နှစ် မြေပဲဆီ ၁ ပိဿာလျှင် ၈၀၀၀/ကျပ် မှ ယခုနှစ်တွင် ၁၀၄၀၀/ကျပ်ဖြစ်ပြီး ၊ ယခင်နှစ် နှမ်းဆီဈေးမှာ ၈၅၀၀/ ကျပ်မှ ၉၀၀၀/ကျပ်ရှိပြီး ယခုနှစ်တွင် ၁၁၀၀၀/ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။
နဝလီ ကြိတ်ခွဲ ဆောင်ရွက်နေသော ဆီစက်လုပ်ငန်းရှင်မှလည်း တစ်ပိုင်တစ်နိုင် စက်ငယ်ဖြစ်၍ တစ်နေ့လျှင် ၇ တင်းမှ ၈တင်းခန့် ကြိတ်ခွဲနိုင်ပြီး မြေပဲတောင့် ၁ တင်းလျှင် ဆီ ၂ ပိဿာ၊ နှမ်း ၁ တင်းလျှင် ၆.၅၀ ပိဿာနှင့် နေကြာ ၁ တင်းလျှင် ၂.၅၀ ပိဿာမှ ၃ ပိဿာထွက်ရှိကြောင်း သိရှိရပါသည်။
DOCA(ပဲခူး)