ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၂၁)ဧက၊ အစေးလှီး ဧရိယာမှာ (၁၉၃၂၇၅)ဧက၊ အထွက်နှုန်းမှာ (၄၉၉.၉၉)ပေါင် ရှိပြီး တစ်နှစ်စာပျှမ်းမျှအထွက်တန်မှာ (၄၃၈၃၄) မက်ထရစ်တန် ရှိကြောင်း သိရှိရသည်။
ကွမ်းသီးနှင့် သီဟိုများသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိကြောင်း သိရှိရပါသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် စားသုံးသူအကာအကွယ်ရေးလုပ်ငန်းများအပြင် ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆောင်ရွက်လျှက်ရှိပါသည်။ ရွှေဘိုခရိုင်အနေဖြင့် သနပ်ခါးကို စီးပွားဖြစ်စိုက်ပျိုးမှုနည်းပါးသော်လည်း သနပ်ခါးရောင်းချမှုတွင် ရွှေဘိုသနပ်ခါးဟူ၍ ဈေးကွက်တွင် နာမည်ကျော်ကြားလျှက်ရှိပြီး ရွှေဘိုသနပ်ခါးသီချင်းသည်လည်း နာမည်ကျော်ကြားခဲ့ပါသည်။ (၁၉.၂.၂၀၁၉)ရက်နေ့ ၁၃၈၀ခု၊ တပို့လပြည့်နေ့တွင် မြန်မာသနပ်ခါးနေ့ပွဲတော်ကို သက်
မုံရွာခရိုင် စားအုန်းဆီတင်သွင်းရောင်းချသည့်ဆီလုပ်ငန်းရှင်(၅)ဦးနှင့် စားအုန်းဆီတင်သွင်း ရောင်းချသည့် ကုမ္ပဏီများပူးပေါင်း၍ မိမိဒေသတွင်း စားသုံးဆီပြတ်လပ်မှုမရှိစေရေး၊ စားသုံးဆီဖူလုံမှုရှိစေရေးနှင့် စားသုံးသူပြည်သူများဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ် ၍ (၄.၅.၂၀၂၂) ရက်နေ့မှ(၆.၅.၂၀၂၂)နေ့အထိ စားအုန်းဆီများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်း၏ ၂၀၂၂ ခုနှစ်၊ ဧပြီလ တတိယပတ်တွင် လယ်ယာထွက်ကုန်ပစ္စည်းအနေဖြင့် ကွမ်းသီး (၂၀.၀၀၀)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၀၂၀)၊ စက်မှုကုန်ချောအနေဖြင့် စီးကရက်(၄၂.၉၉၄)တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း (၀.၂၄၇)၊ အခြား ပစ္စည်းအနေဖြင့် နန့်ဖာလုံကုန်စုံတန်ဖိုး အမေရိကန်ဒေါ်လာသန်း (၀.၀၁၆) တင်ပို့နိုင်ခဲ့ပြီး သွင်းကုန်အနေဖြင့် တင်သွင်းနိုင်ခဲ့ခြင်းမရှိကြောင်း သိရှိရသည်။