Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
06 May 2022

           ကယားပြည်နယ်တွင် ဆီထွက်သီးနှံတစ်မျိုးဖြစ်သည့် မြေပဲကိုလည်းအဓိကထား စိုက်ပျိုးလျှက်ရှိပြီး မိုးမြေပဲကို မေလနှင့်ဇွန်လမှာ စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ထွက်ရှိကြောင်း၊ ဆောင်းမြေပဲကို အောက်တိုဘာလမှာ စိုက်ပျိုးပြီး ဖေဖော်ဝါရီလတွင်ထွက်ရှိပြီး မြေပဲကို လွိုင်ကော် ခရိုင် လွိုင်ကော်မြို့နယ်၊ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်များတွင် အများဆုံးစိုက်ပျိုးကြပါသည်။ ၂၀၂၁-၂၀၂၂ခုနှစ် မြေပဲစိုက်ဧက (၉၈၀၆)ဧကစိုက်ပျိုးပြီး ထွက်ရှိနှုန်းမှာ(၄၄၁၅၃၂)တင်းထွက်ရှိပြီး ဆီထွက်နှုန်းမှာ

06 May 2022

           ကယားပြည်နယ်အတွင်း အခြေခံစားကုန်စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီကို ပြည်နယ်အတွင်း စိုက်ပျိုးမှုအနည်းငယ်သာရှိသဖြင့် စားသုံးမှုလိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိတ္ထီလာမှအများဆုံး ဝင်ရောက်ပြီး ဧပြီလမှ မေလပထမပတ်အတွင်း ကြက်သွန်နီ(၄၃၉၅)အိတ်၊ (၁၃၁၈၅၀)ပိဿ ဝင်ရောက်လျှက်ရှိပြီး ဈေးကွက်အတွင်း ကြက်သွန်နီဈေးနှုန်းမှာ အလုံးကြီး တစ်ပိဿလျှင်(၁၂၀၀) ကျပ်နှင့် အလုံးသေးတစ်ပိဿာလျှင်(၁၀၀၀) ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါတယ်။

06 May 2022

           ပဲခူးတိုင်းဒေသကြီး ၊ပဲခူးခရိုင်၊ ပဲခူးမြို့တွင်စားအုန်းဆီဈေးများ ဆက်လက်မြင့်တက်လျက် ရှိပါသည်။ သင်္ကြန်မတိုင်မီကာလက စားအုန်းဆီတစ်ပိဿာလျှင် ၅၉၀၀- ၆၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး သင်္ကြန်တွင်းကာလစားအုန်းဆီ  တစ်ပိဿာလျှင် ၆၀၀၀-၆၂၀၀ ကျပ်ဖြင့် အ‌ရောင်းအဝယ်ဖြစ်ခဲ့၍ သင်္ကြန်ပြီးကာလတွင်၆၃၀၀-၆၆၀၀ ကျပ်ထိ ဈေးနှုန်းမြင့်မားလာပြီး ယခုဧပြီလနောက်ဆုံးပတ် ဈေးနှုန်းအနေဖြင့် စားအုန်းဆီ တစ်ပိဿာလျှင်၆၉၀၀-၇၀၀၀ ကျပ်ထိ ဆက်လက်မြင့်တက်လျက်ရှိပါသည်။

06 May 2022

                 ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်အတွင်းရှိဒေသခံတောင်သူများသည် ဆောင်းသီးနှံအဖြစ် ပဲအမျိုးမျိုးနှင့်နေ့စဉ် ဝင်ငွေရရှိသည့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြပြီး ယင်းသီးနှံများ ရိတ်သိမ်းပြီးနောက် ဆီစားသုံးမှုဖူလုံစေရန် သီးထပ်စနစ်ဖြင့် တနိုင်တပိုင်ဆီ နေကြာများကို စိုက်ပျိုးကြရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

06 May 2022

             ပဲခူးတိုင်းဒေသကြီးအတွင်း သရက်သီးမှည့်များလှိုင်လှိုင်ပေါ်လာပြီဖြစ်ပြီး ရောင်းလိုအား ဝယ်လိုအား လိုက်နေကြောင်း ပဲခူးမြို့နယ်မှ သရက်သီးမှည့်‌ရောင်းဝယ်သူထံမှသိရပါသည်။ ယခုနှစ် သစ်သီးဝလံ ဈေးကွက်တွင် သရက်သီးမှည့်များဝင်ရောက်မှုပေါများပြီး ဈေးနှုန်းမှာလည်း ယခင်နှစ်နဲ့မတူပဲ ဈေးသက်သာလာသည်ကို တွေ့ရပါသည်။ မိုးလည်းရွာသွန်းနေပြီမို့ သရက်သီးမှည့်များသည် ချိုလဲချို အရောင်အသွေးမှာလဲ ကောင်းပြီး ဈေးနှုန်းသက်သာလာသောကြောင့် ဒေသတွင်းရော / နယ် တင်ပို့မှုပါ အရောင်းအဝယ် သွက်လျက်ရှိနေပါ

Pages