ကုန်သွယ်မှုသတင်းများ
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံဆီကုန်သည်များနှင့် ဆီလုပ်ငန်း ရှင်များအသင်းတို့ပူးပေါင်းစီစဉ်မှုဖြင့် စားသုံးသူပြည်သူများ သက်သာသောဈေးနှုန်းဖြင့်ဝယ်ယူရရှိနိုင်ရန် စားအုန်းဆီများအား သက်သာသောဈေးနှုန်းဖြင့်ဖြန့်ဖြူး ရောင်းချလျှက်ရှိပါသည်။ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပေါင်း(၂၀)တွင် ပထမအကြိမ်အနေဖြင့် ၂၀၂၁ခုနှစ်၊ စက်တင်ဘာလ ၂၂ ရက်နေ့မှစတင်၍ သက်သာသောဈေးနှုန်းဖြင့် ရောင်းချခဲ့ရာ ပိဿာချိန် ၃၆၀၂၅၀ ကို တစ်ပိဿာလျှင် ၃၈၀၀-၄၄၅၀နှုန်းထားဖြင
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့၊ တိုင်းထက်လွန်ဘဲဥပွဲရုံသို့ ဘဲဥများလာရောက်ပို့ဆောင် ရောင်းချလျှက်ရှိသည်ကို တွေ့ရှိရသဖြင့် မေးမြန်းကြည့်ရာ တောင်ငူမြို့နယ်၊ ကံကိုးကျေးရွာအုပ်စု၊ အင်းပုတ်ကျေးရွာ ဘဲမွေးမြူရေးမှဖြစ်ကြောင်း သိရှိရပါသည်။ ၂၀၂၂ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူမြို့နယ်တာဝန်ခံ ဦးမြင့်သူသည် အင်းပုတ်ကျေးရွာသို့ သွားရောက်၍ ဘဲမွေးမြူရေးလုပ်ငန်းရှင် ဦးသိန်းအား တွေ့ဆုံမေးမြန်းခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တောင်ငူခရိုင်ဦးစီးမှူး ဦးမျိုးအောင်သည် ခရိုင်ဦးစီးမှူးရုံးမှ စားသုံး/ထုတ်လုံဌာနခွဲတာဝန်ခံနှင့် တောင်ငူမြို့နယ်တာဝန်ခံတို့နှင့်အတူ ဧပြီလ ၄ ရက်နေ့ နံနက်ပိုင်းက မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ တောင်ငူခရိုင်အတွင်းရှိ စားသုံးသူ ပြည်သူများသို့ သက်သာသောနှုန်းထားဖြင့် စာအုန်းဆီရောင်းချနေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်တွင်၊ မတ်ပဲစိုက်ဧက ၄၁၇၉၂ ရှိပါသည်။ ကျေးရွာအုပ်စု ၃၅ အုပ်စုရှိရာ ၃၂ အုပ်စုမှာ မတ်ပဲစိုက်ပျိုးကြပါသည်။ ယခုအခါ မတ်ပဲဈေး ပိဿာ ၃၀ အိတ် တစ်အိတ်လျှင် ၅၂၀၀၀ ကျပ်ဈေးဖြစ်သဖြင့် တောင်သူများမျှော်လင့်ထားသလို ဖြစ်နေ၍ ဝင်ငွေကောင်းသော သီးနှံတစ်ခုဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခင်နှစ် မတ်ပဲပေါ်ချိန်တွင် ပိဿာ ၃၀ အိတ် တစ်အိတ်ဈေးမှာ ကျပ် ၃၀၀၀၀ မှ ကျပ် ၄၀၀၀၀ ကြားတွင် ရှိခဲ့ပါသည်။
ပဲခူးတိုင်းဒေသကြီးတွင် စိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ကြသော်လည်း ယခုအခါတွင် ဒေသတွင်း အသား၊ငါး စားသုံးမှုဖူလုံစေရန်နှင့် ပိုလျှံသည်များကို တိုင်းဒေသကြီးပြင်ပနှင့် ပြည်ပနိုင်ငံများသို့ တင်ပို့ရန်ဆိုသော မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၏ ရည်မှန်းချက်နှင့်အညီ မွေးမြူရေးကို စီးပွားဖြစ် မွေးမြူခြင်းများ အပြင် မိသားစု တစ်နိုင်တစ်ပိုင်အပြင် စီးပွားဖြစ် မွေးမြူလာကြကြောင်း သိရှိရသည်။ မွေးမြူရေးတွင် ငါးမွေးမြူရေးအပြင် နွား၊ ကျွဲ၊ ဝက်၊ ဘဲ ၊ဆိတ်၊ ငုံးများစသည့် မွေးမြူရေးလုပ်ငန်းမ