Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
22 Apr 2022

             ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များ၌ ဧပြီလ တတိယပတ်တွင် စပါးဈေးနှုန်းနှင့် ဆန်ဈေးနှုန်းမှာ အနည်းငယ် တည်ငြိမ်နေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဧပြီလ ပထမပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၇၀၀၀ ၊ မန္တလေးသို့ အိတ်ရေ ၄၂၆၀၀၊ နေပြည်တော်သို့ အိတ်ရေ ၁၀၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၁၀၀၀၊ စုစုပေါင်းအိတ်ရေ ၁၀၁၆၀၀၊ တန်အားဖြင့် ၅၀၈၀တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြား တိုင်းဒေသက

22 Apr 2022

          စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြောင်မြို့နယ်သည် ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် မြစ်နှစ်စီးကြားတွင် တည်ရှိပြီး မြို့နယ်၏ သုံးပုံတစ်ပုံမှာ မြစ်ရေဝင်ဒေသများဖြစ်၍ ပဲမျိုးစုံနှင့်ဆီထွက်သီးနှံ အများဆုံးစိုက်ပျိုးသောမြို့တစ်မြို့  ဖြစ်ပါသည်။ မြို့နယ်၏ ဆောင်းသီးနှံ စိုက်ဧက (၁) သိန်းကျော်ရှိပြီး ပဲကြီးစိုက်ဧကမှာ (၁) ထောင် ကျော်ရှိပါသည်။

21 Apr 2022

          ကွမ်းသီးနှင့် သီဟိုတို့းသည် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပါသည်။ ကွမ်းသီးတွင် ကွမ်းသီးအလုံးစျေးနှင့် ကွမ်းသီးခွဲခြမ်းစျေးဟူ၍ စျေးနှုန်း (၂)မျိုးရှိပြီး သီဟိုစေ့တွင် အခွံမချွတ်ရသေးသောအပင်မှ ဆွတ်ခူးသော အသီးအကြမ်းစျေးနှင့် အခြောက်လှန်းသန့်စင်ပြီး အချောစျေးဟူ၍ စျေးနှုန်း (၂)မျိုး ရှိကြောင်း သိရှိရပါသည်။ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ပေါ်ရှိ ယခုဖြစ်ပေါ်လျက်ရှိသော ကွမ်းသီးစျေးမှာ ကွမ်းသီးအလုံး တစ်

20 Apr 2022

             ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်၊ အမြန်လမ်းမိုင်တိုင်အမှတ် ၁၃၂/၃ ၊ လမ်းမအနောက် ဖက်တွင် စိန်တလုံးသရက်စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျှက်ရှိရာ ယခုအခါ အသီးများပေါ်နေပြီ ဖြစ်ပါသည်။ စိန်တလုံးသရက်သီးမျိုးများကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၊ ဟံမြင့်မိုရ် ကျေးရွာတွင် သွားရောက်ဝယ်ယူပြီး အပင်သက် ၅ နှစ် တွင် အသီးစသီးကြောင်း သိရပါသည်။ အသီးစသီးခါစက တစ်ပင်လျှင် အလုံး ၂၀ မှ ၃၀ အထိသာသီးပြီး အပင်သက်တမ်းရင့်လျှင် အလုံး ၈၀ မှ ၁၀၀ အထိသီးကြောင်း သိ

20 Apr 2022

                   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ အုတ်တွင်းမြို့နယ်တွင် နွေစပါးစိုက်ဧက ၂၈၆၂၂ ဧက စိုက်ပျိုးသည့်အနက် ဘုရားကလေးကျေးရွာတွင် ထိုင်းနှံကောက် ၂၀ ဧက ရိတ်သိမ်းလျက်ရှိပြီး တင်း ၁၀၀ လျှင် ကွင်းဈေး ၇၃၀၀၀၀ ကျပ်နှင့် စက်ရုံအရောက်ဈေး ၇၇၀၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူနေကြောင်း သိရှိရပါသည်။ ယခင်နှစ် နွေစပါးပေါ်ချိန်တွင် တင်း ၁၀၀ လျှင် ၆၀၀၀၀၀ ကျပ်ဝန်းကျင်နှင့် စက်ရုံအရောက်ဈေး ၆၂၀၀၀၀ ကျပ်ဝန်းကျင်ရရှိသဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် စပါးဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

Pages