Main menu

အုတ်တွင်းမြို့နယ် နွေစပါးဈေးကွက်

Powered by Drupal

                   ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အတွင်းရှိ အုတ်တွင်းမြို့နယ်တွင် နွေစပါးစိုက်ဧက ၂၈၆၂၂ ဧက စိုက်ပျိုးသည့်အနက် ဘုရားကလေးကျေးရွာတွင် ထိုင်းနှံကောက် ၂၀ ဧက ရိတ်သိမ်းလျက်ရှိပြီး တင်း ၁၀၀ လျှင် ကွင်းဈေး ၇၃၀၀၀၀ ကျပ်နှင့် စက်ရုံအရောက်ဈေး ၇၇၀၀၀၀ ကျပ်ဈေးဖြင့် ဝယ်ယူနေကြောင်း သိရှိရပါသည်။ ယခင်နှစ် နွေစပါးပေါ်ချိန်တွင် တင်း ၁၀၀ လျှင် ၆၀၀၀၀၀ ကျပ်ဝန်းကျင်နှင့် စက်ရုံအရောက်ဈေး ၆၂၀၀၀၀ ကျပ်ဝန်းကျင်ရရှိသဖြင့် ယခုနှစ်တွင် ယခင်နှစ်ထက် စပါးဈေးမြင့်တက်လာသည်ကို တွေ့ရှိရပါသည်။

              ယခုကဲ့သို့ စပါးဈေး မြင့်တက်လာရခြင်းမှာ သွင်းအားစုဈေးနှုန်းများ မြင့်တက်ခြင်း၊ လုပ်သားခများ မြင့်တက်ခြင်း၊ သယ်ယူပို့ဆောင်ခနှုန်းထားများ မြင့်တက်လာခြင်းကြောင့် စပါးရောင်းဝယ်သူများမှ တောင်သူများတွက်ချေကိုက်သည့် ဈေးနှုန်းများဖြင့် ဈေးတိုးမြင့်ဝယ်ယူလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)