ကုန်သွယ်မှုသတင်းများ
ကျိုက်ထိုမြို့သည် ရာသီအလိုက် အသီးအနှံမျိုးစုံထွက်ရှိသော မြို့တစ်မြို့ဖြစ်ရာ ဒေသထွက်အသီးအနှံများအား ယိုမျိုးစုံပြုလုပ်၍ ဈေးကွက်အတွင်းရောင်းချလျှက်ရှိသည်။ အဓိကထုတ်လုပ်သောယိုများမှာ မရမ်းယို၊ သရက်ယို၊ နာနတ်ယို၊ ရှောက်ယို၊ ချဉ်ပေါင်ယို၊ ဖရုံယို၊ ကတွတ်ယိုတို့ကို အဓိကထုတ်လုပ်ကြသည်။
၄.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-
ကျိုက်မရောမြို့နယ်၊ နတ်စမ်းကျေးရွာတွင် ဆောင်းရာသီသီးနှံဖြစ်သည့် တိုင်ထောင်ပဲ (ပဲတောင့်ရှည်)များကို တောင်သူများက စီးပွားဖြစ်စိုက်ပျိုးသူများပြားလျှက်ရှိပြီး မိသားစု အပိုဝင်ငွေတိုးလျှက်ရှိကြောင်း သိရှိရသည်။
မြန်မာနိုင်ငံတွင် ယခင်က သဘာဝဝါဂွမ်းကနေ ထုတ်လုပ်သော ချည်ထည်အဝတ်အစားတွေ ဝတ်ရပါတယ်။ သဘာဝအသီးအနှံများကို စားသောက်ရပါတယ်။ အဲဒီတုန်းက နိုင်ငံခြားက လူတွေမှာ နိုင်လွန်အသားနှင့် အဝတ်အစားတွေဝတ်၊သီးနှံတွေကလဲ ဖွံဖွံ့ထွားထွားတွေ စားသုံးတာကိုကြည့်ပြီး အားကျခဲ့ကြရတယ်။ဒါပေမယ့် အဲဒီအချိန်မှာ မြန်မာပြည်ကို လာလည်သည့် နိုင်ငံခြားသားတွေကမြန်မာတွေ ချည်ထည်စစ်စစ်ဝတ်တာ သဘာဝအသီးအနှံတွေ စားတာကို ပြန်ပြီး အားကျနေကြပြန်ရော။
မြန်မာနိုင်ငံသည် သစ်တောထွက် သံယံဇာတများစွာထွက်ရှိသော နိုင်ငံဖြစ်သည်။ အဖိုးတန် သစ်အမျိုးမျိုး၊ ဝါးအမျိုးမျိုး၊ သစ်ခွများ ထွက်ရှိသကဲ့သို့ လူတို့၏ ပတ်ဝန်ကျင်သန့်ရှင်းရေး၊ အိမ်သန့်ရှင်းရေးအတွက် အသုံးပြုကြသော တံမြက်စည်းမှာလည်း မြန်မာ့သစ်တောများမှ ထွက်ရှိပါသည်။ တံမြက်စည်းပင်များကို မြန်မာနိုင်ငံအရှေ့ပိုင်း ဒေသများဖြစ်သော မိုင်းဖြတ်၊ မိုင်းယောင်း၊ မိုင်းဆတ်၊ တာချီလိတ်၊ တာလေမြို့နယ်များရှိ သစ်တောများတွင် နေရာကွက်ကြား အလေ့ကျပေါက်နေကြသည်ကို တွေ့ရှိရသည်။