ကုန်သွယ်မှုသတင်းများ
အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့မှ ဇန်နဝါရီလ (၁၀)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/Vegetables.png?itok=83cD874L)
ပဲကြာဆံဖြင့်ချက်ပြုတ်ခြင်းဖြစ်သည့် ကြာဆံဟင်းကို အစဉ်တစိုက် နှစ်သက်စွာစားသုံးလေ့ရှိရာမှ ယခုအခါ ပဲကြာဆံသုတ်၊ ယိုးဒယားစတိုင်ပဲကြာဆံထောင်းဟူ၍ ထပ်မံစားသုံးသည့်အလေ့အထ တိုးလာသည်ကိုတွေ့ရပါသည်။ မြန်မာနိုင်ငံတွင် ဆန်ကြာဆံကို ဒေသအများစုတွင် ထုတ်လုပ်ကြသော်လည်း ပဲကြာဆံကို မုံရွာမြို့နယ်မှ အဓိကထုတ်လုပ်ပါသည်။ မုံရွာစက်မှုဇုံနှင့် မုံရွာနယ်တွင် ကြာဆံစက် (၃၄)စက်ရှိပြီး အခြားဒေသများကို တင်ပို့ရောင်းချသည့် ဒေသထွက်ကုန်တစ်ခုဖြစ်ပါသည်။ ယခင်က (၅၀)ကျပ်သားနှင့်အထက်သာထုပ်ပိုးရောင်းချကြသေ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ကြာဆံ.jpg?itok=xlPmEvPf)
လက်ဖက်ပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး တရုတ်၊ အာသံ၊ ကိုးကန့်နှင့် အင်ဒိုချိန်းနား ဟူ၍ မျိုး(၄)မျိုး ရှိရာ မြန်မာနိုင်ငံတွင် အာသံမျိုးကိုသာ အဓိကထားစိုက်ပျိုးကြပါသည်။ လက်ဖက်အဓိကစိုက်ပျိုးသောဒေသမှာ ရှမ်းပြည်နယ်ဖြစ်ပြီး ကလော၊ ပင်းတယ၊ ရွာငံ၊ ပင်လောင်း၊ ရပ်စောက်၊ ကျိုင်းတုံ၊ မိုင်းယန်း၊ မိုင်းဆတ်၊ တာချီလိတ်၊ မိုင်းဖြတ်၊ နမ့်စန်၊ သီပေါမြို့များတွင် အများဆုံး စိုက်ပျိုးထွက်ရှိပါသည်။ ရှမ်းပြည်နယ် တောင်ပေါ်ဒေသများရှိ တောင်စောင်းများတွင် မိရိုးဖလာ စိုက်ပျိုးနည်းစနစ်အပြင် လှေကားထစ်သ
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/လက်ဖက်.png?itok=XrGMrAgV)
ရှမ်းပြည်နယ် (တောင်ပိုင်း)မှ နှင်းဆီပန်းများကို တောင်ကြီးမြို့နယ် ရွှေညောင်၊ တောင်လေးလုံး၊ ပင်းတယမြို့နယ် မိုင်းအင်၊ မိုင်းလီကျေးရွာတို့တွင် အများဆုံးစိုက်ပျိုးလျက်ရှိပြီး အများအားဖြင့် မိရိုးဖလာနည်းဖြင့် စိုက်ပျိုးကြကြောင်း၊ Green House အနေဖြင့်လည်း စိုက်ပျိုးကြကြောင်း၊ တစ်ဧကလျှင် အပင်ခြောက်ထောင်ခန့်ဝင်ဆံ့ကြောင်းဟု သိရှိရပါသည်။
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/နှင်းဆီ.png?itok=d77KPadw)
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သည်နှင့်အညီ နိုင်ငံတွင်း နေထိုင်ကြသော တိုင်းရင်းသားပြည်သူများအနေဖြင့် လယ်ယာမြေများတွင် သီးနှံ၊ သီးထပ်၊ သီးညှပ် စိုက်ပျိုးခြင်းဖြင့် အသက်မွေးဝမ်းကြောင်းပြုခြင်းကို အဓိကဆောင်ရွက်လျက်ရှိကြပါသည်။ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ရှိ ဝမ်ကောင်းကျေးရွာ၊ ကော့ခွယ်ကျေးရွာ၊ လော့ငိုးကျေးရွာ၊ နမ့်ကစ်ကျေးရွာ၊ ဝမ်တုန်ကျေးရွာ၊ ဝိန်းကျိုင်းကျေးရွာတို့တွင် မိုးရာသီကုန်ဆုံး၍ စပါးရိတ်သိမ်းပြီးထားရှိသော
![](http://www.doca.gov.mm/sites/default/files/styles/trade_image_560x280_/public/ဖရုံ.jpg?itok=ZFjvekjy)