ကုန်သွယ်မှုသတင်းများ
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်းရှိ ကျေးလက်ဒေသများမှ ထွက်ရှိသော ဧည့်မထစပါးအမျိုးအစားများကို ရွှေဝါရောင် ကုမ္ပဏီမှ ဖိလစ်ပိုင်နိုင်ငံသို့ NIMBA အမှတ်တံဆိပ်ဖြင့် တင်ပို့ရန် သီးသန့်ဝယ်ယူ၍ သိုလှောင်လျက်ရှိကြောင်း သိရှိရပြီး စပါးများကို သနပ်ပင်မြို့ရှိ ချမ်းအေးဆန်စက် ၊ ရွှေနဒီဆန်စက်တို့မှ အရောင်းအဝယ်စာချုပ်များ ချုပ်ဆို၍ ကြိတ်ခွဲတင်ပို့လျက် ရှိကြောင်း သိရှိရပါသည်။ ၂၀၂၁ခုနှစ် နိုဝင်ဘာလမှစတင်၍ ၂၀၂၂ခုနှစ် ဇန်နဝါရီလအတွင်း ဖိလစ်ပိုင်နိုင်ငံသို့တင်ပို့ရန

သင်္ဘောကျွန်းကျေးရွာသည် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နှင့် (၄)မိုင်ခန့်အကွာ ဧရာဝတီမြစ်ကမ်းနံဘေးတွင် တည်ရှိပြီး လယ်ယာစိုက်ပျိုးရေးကိုအခြေခံ၍ အသက်မွေးဝမ်းကျောင်းပြု နေထိုင်သည့် ကျေးရွာတစ်ရွာလည်း ဖြစ်သည်။ ဧရာဝတီမြစ်ရေကျချိန် ဆောင်းရာသီမြေနုကျွန်းများ ပေါ်ချိန်တွင် ပဲထောပတ်၊ ပဲလွန်း၊ ပဲကြီး၊ ကုလားပဲသီးနှံများ စိုက်ပျိုးကြောင်း သိရှိရပါသည်။

ပြောင်းသည် ပြည်တွင်းမွေးမြူရေးအစားအစာနှင့် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် အရေးပါသော သီးနှံတစ်မျိုးဖြစ်ပါသည်။ ပြောင်းသည် အာရှတိုက်မှ အရင်းအမြစ်မဟုတ်ဘဲ အမေရိကတိုက်မှာ အများဆုံးစိုက်ပျိုးကြ၍ မြေအနေအထားအရ အာရှတိုက်မှတစ်ဆင့် မြန်မာနိုင်ငံသို့စိုက်ပျိုးဖြစ်ထွန်းလာသည့် သီးနှံဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ ရှမ်းပြည်နယ်မှာသာ အဓိကထားစိုက်ပျိုးလျက်ရှိပါသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၂ခုနှစ် ၊ဖေဖော်ဝါရီလ (ပထမပတ်)တွင် ဖြစ်ပေါ်နေသည့် စားသုံးဆီဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မည်ဆိုပါလျှင် စားအုန်းဆီ(ကန်ဆီ) ၁ ပိဿာ (၅၄၀ဝိ/-) ဝန်းကျင်၊ ဟင်းသီးဟင်းရွက်ဆီ ၁ ပိဿာ (၆၄၀ဝိ/- မှ ၆၆၀ဝိ/-)ဝန်းကျင်နှင့် မြေပဲဆီ ၁ ပိဿာ (၆၅၀ဝိ/- မှ ၈၀၀ဝိ/-)ဝန်းကျင်ခန့် ဖြစ်ပေါ်လျှက် ရှိပါသည်။

၈.၂.၂၀၂၂ရက်နေ့ တိုင်းဒေသကြီး/ပြည်နယ်များအလိုက် စားအုန်းဆီတစ်ပိဿာကုန်ကျစရိတ်တွက်ချက်မှုစာရင်းနှင့် စားအုန်းဆီ နေ့စဉ်ဈေးနှုန်းသတင်းအား အောက်ပါ PDF ဖိုင်တွင် ကြည့်ရှုလေ့လာနိုင်ပါသည်-