ကုန်သွယ်မှုသတင်းများ
ယွန်းထည်လုပ်ငန်းအတတ်ပညာသည် မြန်မာ့ရိုးရာလက်မှုအနုပညာဖြစ်သည့် ပန်း(၁၀)မျိုးတွင် ပန်းယွန်းအဖြစ်ပါဝင်ပါသည်။ မြန်မာ့ရိုးရာ ယွန်းထည်ပြုလုပ်မှုအတတ်ပညာသည် ပုဂံခေတ်မှ စတင်ခဲ့ကြောင်းကို ပုဂံမြို့ဟောင်း မင်းနံသူရွာအနီး လေးမျက်နှာဘုရားကျောင်းဝန်းအတွင်း မြေများတူးဖော်ပြုပြင်ရာမှ တွေ့ရှိခဲ့သော ၁၂ ရာစုခေတ်လက်ရာဟု ခန့်မှန်းရသည့် ယဉ်ကျေးမှုလက်ရာဖြစ်သော ရှေးဟောင်းယွန်းရေခွက်များက သက်သေခံလျက်ရှိကြောင်း လေ့လာမှုများအရ သိရှိရပါသည်။ ထိုယွန်းခွက်အပိုင်းအစများကို ပုဂံမြို့ယွန်းပညာကောလိ

စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အရှေ့ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များ၏ ဘိလပ်မြေဈေးနှုန်းများအား နေ့စဉ်စုံစမ်းစိစစ်ကြပ်မတ်၍ ဈေးနှုန်းများကောက်ယူပြီး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့ တင်ပြလျက်ရှိပါသည်။

မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် အခြားသောကြံစိုက်ပျိုးထွက်ရှိရာဒေသများမှ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလလယ်နောက်ပိုင်းတွင် စတင်၍ မန္တလေးဈေးကွက်သို့ သကာရည် (ခေါ်) ပွက်သားအသစ်များ လှိုင်လှိုင်ဝင်ရောက်လာခြင်းကြောင့် မန္တလေးမြို့ရှိ သကြားနှင့်သကာရည် ဈေးကွက်တို့မှာလည်း အတက်အကျများစွာဖြင့် ရောင်းဝယ်လျက် ရှိပါသည်။ ၂၀၂၀ခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာခြင်းကြောင့် သကြားအသုံးပြု ထုတ်လုပ်သည့် စားသောက်ကုန်နှင့်မုန့်လုပ်ငန်း၊ အဖျော်ယမကာလုပ်ငန်း၊ ယိုစုံလုပ်ငန
ကရင်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်သော ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၈.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိသော DENKO (ဘားအံ-၁)၊ DENKO (ဘားအံ-၂)၊ DENKO (သာမည) စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီမျာ

၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်အတွင်း၌ နွေစပါး စိုက်ဧကများကို လျာထားချက်နှင့်အညီ စိုက်ပျိုးလျက်ရှိ ရာ မနောသုခ (၁၅၆၄၃)ဧက ၊ ဆင်းသုခ (၁၀၈၁၃)ဧက ၊ ရက် ၉၀ (၂၉၇)ဧက ၊ သီးထပ်ရင် (၂၆၆၉)ဧက ၊ စုစုပေါင်း ၂၉၄၂၂ ဧက စိုက်ပျိုးထားရှိပြီး ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရက် ၉၀ သက်ငယ်နွေစပါးများသည် ထောင်မင်းကျေးရွာ၊ ကျိုက်ပနိုင် လေးကျေးရွာ၊ ကျိုက်ပနိုင်ကြီးကျေးရွာ၊ ဖိုးခိုင်လေးကျေးရွာ ၊ ဖိုးခိုင်ကြီးကျေးရွာ ၊ ကျိုက်မဲ ကျေးရွာ များတွင် ထွက်ပေါ်နေပြီဖြစ်ကြောင်း သ
