Main menu

ဘားအံမြို့ရှိ အထူးဈေးနှုန်းဖြင့် ရောင်းချလျက်ရှိသော DENKO စက်သုံးဆီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

          ကရင်ပြည်နယ်စားသုံးသူရေးရာ ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးမျိုးဝင်းနိုင် ဦးဆောင်သော ဝန်ထမ်းများသည် မိတ်ဘက်ဌာနဆိုင်ရာများဖြစ်သော ပြည်နယ်ရေနံထွက် ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့နှင့်အတူ (၈.၂.၂၀၂၂) ရက်နေ့ နံနက် (၁၀:၀၀)နာရီအချိန်တွင် ကရင် ပြည်နယ်၊ ဘားအံမြို့ရှိ  အထူးဈေးနှုန်းဖြင့် ရောင်းချပေးလျှက်ရှိသော DENKO (ဘားအံ-၁)၊ DENKO (ဘားအံ-၂)၊   DENKO (သာမည) စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ စက်သုံးဆီများအား အထူးဈေးနှုန်းဖြင့် ရောင်းချနေမှုအခြေအနေများ၊ အချင်အတွယ်ပြည့်ဝ မှန်ကန်မှုရှိစေရေးနှင့် သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်းရောင်းချမှုရှိစေရေး ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

         ထို့သို့စစ်ဆေးရာတွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့ရောင်းချသော ကုန်စည်နှင့်ပတ်သက်၍ သတင်းအချက်အလက်များအား ပြည်သူများသို့ ရှင်းလင်းစွာသိရှိနိုင်ရန်အတွက် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များဖြန့်ဝေပေးကြရန်၊ သတ်မှတ်အရည်အသွေးပြည့်မီသော စက်သုံးဆီများကိုသာ ရောင်းချကြရန်နှင့် အထူးဈေးနှုန်းဖြင့် ရောင်းချမည်ဆိုပါက စည်းကမ်းချက်များနှင့်အညီ မှန်ကန်စွာရောင်းချပေးကြရန် အသိပေးပြောကြားခဲ့ပြီး အချင်အတွယ်မှန်ကန်မှုရှိ/မရှိအား (၂၀)လီတာဝင် စံခွက်ဖြင့် ချိန်တွယ်စစ်ဆေးခဲ့ကြကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

ကရင်ပြည်နယ်