Main menu

ရန်ကုန်တိုင်းဒေသကြီးအတွင်း ဘိလပ်မြေဈေးနှုန်းဈေးကွက်

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန၊  ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အရှေ့ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်များ၏ ဘိလပ်မြေဈေးနှုန်းများအား နေ့စဉ်စုံစမ်းစိစစ်ကြပ်မတ်၍ ဈေးနှုန်းများကောက်ယူပြီး ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ပေးပို့ တင်ပြလျက်ရှိပါသည်။

          အဓိကထား၍ ကောက်ယူနေသော အရှေ့ပိုင်းခရိုင်အတွင်းရှိ ဘိလပ်မြေအရောင်းဆိုင်(၃) ဆိုင် ၏ (၂.၂.၂၀၂၂) ရက်နေ့ဈေးနှုန်းများမှာ ကြံ့နှစ်ကောင် (နီ) တစ်အိတ် ၉၀၀ဝိ/-၊ ထိုင်းဆင်တစ်အိတ် 1000ဝိ/- ၊ Crown တစ်အိတ် 910ဝိ/-၊ Alpha တစ်အိတ် ၉3၀ဝိ/- ဖြစ်ပြီး (8.2.2022) ရက်နေ့ဈေး နှုန်းများမှာ ကြံ့နှစ်ကောင်(နီ)တစ်အိတ် 910ဝိ/- ၊ ထိုင်းဆင်တစ်အိတ် 995ဝိ/- ၊Crown တစ်အိတ် 920ဝိ/-၊ Alpha တစ်အိတ် ၉၂၀ဝိ/-၊ ယခုရောက်ရှိလာသော Apacheတစ်အိတ် 89၀ဝိ/- ရောင်းချနေ၍ ဖေဖော်ဝါရီလ ပထမပတ်နှင့် ဒုတိယပတ်ဈေးကွာဟမှုကြီးကြီးမားမားမရှိခြင်းကို စီစစ်တွေ့ရှိရပြီး၊ ယခုဒုတိယပတ်တွင်ဆိုင်များသို့ ဘိလပ်မြေအိတ်များ အတန်အသင့်ဝင်ရောက်လာ‌ကြောင်း စုံစမ်းစီစစ်သိရှိရပါသည်။

DOCA(ရန်ကုန်)