ကုန်သွယ်မှုသတင်းများ
သန်လျင်မြို့၊ ဇန်နဝါရီလ ( ၁၉ ) ရက်

တနင်္သာရီတိုင်းဒေသကြီးသည် ရော်ဘာ၊ ကွမ်းသီးများကို အဓိကထား စိုက်ပျိုးလျက်ရှိသည့် တိုင်းဒေသကြီးဖြစ်ပါသည်။ ရော်ဘာစိုက်ပျိုးသည့်ဧရိယာမှာ (၃၄၉၁၁၃)ဧက၊ အစေးလှီး ဧရိယာမှာ (၁၇၀၃၄၅)ဧက၊ အထွက်နှုန်းမှာ (၇၂၀.၉၁)ပေါင် ရှိပြီး တစ်နှစ်စာ ပျှမ်းမျှအထွက်တန်မှာ (၅၅၇၀၄) မက်ထရစ်တန်ရှိကြောင်း သိရှိရပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံတစ်နိုင်ငံဖြစ်သည့်အားလျော်စွာ လယ်ယာထွက်ကုန်အနေဖြင့် အမယ်ပေါင်းများစွာ စိုက်ပျိုးဖြစ်ထွန်းထုတ်လုပ်နိုင်သည့် အခြေခံကောင်းများစွာ ရှိနေသော နိုင်ငံဖြစ်ပါသည်။ ယင်းကဲ့သို့ အမယ်ပေါင်းများစွာသော လယ်ယာထွက်ကုန်များအနက် ပီလောပီနံသည် စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ရေမြေအခြေခံကောင်းများ ရှိသည့်အခြေအနေတွင်ဖြစ်ပြီး စနစ်တကျ စိုက်ပျိုးထုတ်လုပ်ပါက ပြည်ပပို့ကုန်အဖြစ် အလားအလာရှိနေသည့် ထုတ်ကုန်တစ်ခုဖြစ်သည်ကို နိုင်ငံတကာစာတမ်းများအရ သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန၊ ညောင်တုန်းမြို့နယ်၊ ဦးစီးမှူး ဦးအောင်လွင်နှင့် ဝန်ထမ်းများ သည် (၁၇.၁.၂၀၂၂)နေ့ နံနက် (၁၀:၀၀)နာရီတွင် ညောင်တုန်းမြို့နယ်ရှိ ဆန်စပါးဝယ်ယူကြိတ်ခွဲ ရောင်းချနေသော ရွှေဝါနဒီဆန်စက်၊ စုပေါင်းလယ်ယာဆန်စက်နှင့် အောင်နိုင်သစ္စာဆန်စက်များသို့ ကွင်းဆင်းလေ့လာ ဆောင်ရွက်ခဲ့ပါသည်။

ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇန်နဝါရီလ တတိယပတ်တွင် စပါး/ဆန် ဈေးများ အေးနေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၄၅၀၀၊ တန်အားဖြင့် ၄၂၂၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမ
