Main menu

ရွှေဘိုခရိုင်အတွင်း စပါး/ဆန် ဈေးနှုန်းများနှင့် စီးထွက်မှုအခြေအနေ

Powered by Drupal

           ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇန်နဝါရီလ တတိယပတ်တွင် စပါး/ဆန် ဈေးများ အေးနေပါသည်။ ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ဇန်နဝါရီလ ဒုတိယပတ်တွင် ရန်ကုန်သို့ အိတ်ရေ ၃၃၀၀၀၊ မန္တလေးသို့ အိတ်ရေ ၃၀၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၈၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၆၀၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၇၀၀၀၊ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၄၅၀၀၊ တန်အားဖြင့် ၄၂၂၅တန် စီးထွက်ခဲ့ပါသည်။ယခုအပတ်တွင် ရွှေဘိုခရိုင်မှ အခြားတိုင်းဒေသကြီးများသို့ ဆန်စီးထွက်မှုမှာ ရန်ကုန်သို့ အိတ်ရေ ၂၉၀၀၀၊ မန္တလေးသို့ အိတ်ရေ ၄၁၀၀၀၊ နေပြည်တော်သို့ အိတ်ရေ ၇၀၀၀၊ ရှမ်း(တောင်)သို့ အိတ်ရေ ၅၅၀၀၊ ရှမ်း(မြောက်)သို့ အိတ်ရေ ၅၅၀၀၊ပခုက္ကူသို့ အိတ်ရေ ၅၀၀၊ စုစုပေါင်းအိတ်ရေ ၈၈၅၀၀၊ တန်အားဖြင့် ၄၄၂၅ စီးထွက်ခဲ့သည့်အတွက် ယခင်အပတ်နှင့် နှိုင်းယှဉ်ှင် ယခုအပတ်အတွင်း အိတ်ရေ ၄၀၀၀၊ တန်အားဖြင့် ၂၀၀ ပို၍ စီးထွက်ခဲ့ပါသည်။

          ရွှေဘိုမြို့၏ ဇန်နဝါရီလ တတိယပတ်တွင် ဖြစ်ပေါ်နေသော စပါး/ဆန်  ဈေးနှုန်းများမှာ ရွှေဘိုပေါ်ဆန်းစပါး (အဟောင်း) တင်း၁၀၀လျှင် ကျပ်၁၆၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၅၃၀၀၀၊ ဧရာမင်းစပါး (အဟောင်း) တင်း၁၀၀လျှင် ကျပ်၁၃၀၀၀၀၀၊ ဧရာမင်းဆန်(အဟောင်း) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၅၂၀၀၀၊ရွှေဘိုပေါ်ဆန်းစပါး (အသစ်) တင်း၁၀၀လျှင် ကျပ်၁၁၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း ဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ်၄၃၀၀၀၊ ဧရာမင်းစပါး (အသစ်) တင်း၁၀၀လျှင် ကျပ်၉၀၀၀၀၀၊ ဧရာမင်းဆန်(အသစ်) ၂၄ပြည်ပါတစ်အိတ်လျှင် ကျပ် ၃၉၀၀၀ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

စားသုံးသူရေးရာဦးစီးဌာန

စစ်ကိုင်းတိုင်းဒေသကြီး