ကုန်သွယ်မှုသတင်းများ
တနင်္သာရီတိုင်းဒေသကြီးသည် ပင်လယ်ကမ်းရိုးတန်းများဒေသဖြစ်သည့်အတွက် ဓနိပင်များ အလေ့ကျများစွာ ပေါက်ရောက်ကြပါသည်။ အဆိုပါ ဓနိပင်များမှာ ဓနိဖူးခြောက်များ၊ ဓနိရည် အချို/အခါးများ၊ ဓနိရည်အား ညသိပ်၍ ပြုလုပ်သော ပအုန်းရည်(အချဥ်)များ၊ ဓနိပင်မှ ဓနိရွက်များ အားခုန်ယူ၍ အိမ်မိုးဓနိဖက်များပြုလုပ်ကာ ဒေသတွင်းမိသားစုလုပ်ငန်းများအဖြစ် ဝင်ငွေရရှိ လျက်ရှိ သည့်အပြင် ကမ်းရိုးတန်းများ ရေတိုက်စားသည့်ဘေးမှ ကာကွယ်ပေးပြီး ဂေဟစနစ်ကို များစွာ အကျိုးပြုလျက်ရှိပါသည်။

ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သောမြို့တစ်မြို့ဖြစ်ပါသည်။ ရှေးယခင် အဘိုးအဘွားများက နောင်လာနောင်သားများ စားသုံးနိုင်ရန် သရက်ပင်များ ၊မာလကာပင်၊ အုန်းပင် စသည့်ဖြင့် စိုက်ပျိုးကြရာ ယခုခေတ်တွင် ခေတ်အလိုက် ကိုင်းကူးခြင်းဖြင့် ဈေးကောင်းလည်းရ အရသာလည်းကောင်းသော စိန်တလုံးသရက်ပင်များ တိုးချဲ့စိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။ ဧပြီလကုန်တွင် သရက်သီးများစတင်ထွက်ပေါ်ပြီဖြစ်ရာ၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ က

မန္တလေးတိုင်းဒေသကြီး ၊ ငါန်းဇွန်မြို့နယ်သည် ဧရာဝတီမြစ်ကမ်းဘေးတွင် တည်ရှိသော မြို့လေးတစ်မြို့ဖြစ်ပါသည်။ မြစ်ရေကျချိန်တွင် ပဲမျိုးစုံစိုက်ပျိုးကြရာတွင် ပဲလွန်းသည်လည်း စိုက်ပျိုးမှုများသော သီးနှံတစ်မျိုးဖြစ်သည့်အပြင် ရေငတ်ခံနိုင်သော ပဲတစ်မျိုးလည်း ဖြစ်ပါသည်။ ဇွန်လတွင် စတင်စိုက်ပျိုးကြပြီး အောက်တိုဘာလတွင် ရိတ်သိမ်းကြောင်း သိရသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲလွန်း(၂၁၂၇)ဧက စိုက်ပျိုးပြီး ထွက်တိုးဖြူမျိုးနှင့် ဒေသမျိုးသာအများဆုံးစိုက်ပျိုးကြောင်း သိရသည်။ တစ်ဧကပျမ်းမျှအထွက်နှုန်

ငါန်းဇွန်မြို့နယ်သည် လယ်ယာစိုက်ပျိုးရေး အဓိကလုပ်ကိုင်သောမြို့နယ်တစ်ခုဖြစ်ပါသည်။ ၂၀၂၄-၂၀၂၅ခုနှစ်တွင် မိုးနှမ်းလျာထားဧက(၆၄၀၇၀) လျာထားခဲ့ရာ၊ (၆၇၈၄၀)ဧကစိုက်ပျိုးခဲ့ပြီး ရိတ်သိမ်းဧက(၆၇၀၄၆)ဧကသာ ရိတ်သိမ်းခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။ အထွက်နှုန်းအနေဖြင့် (၄.၃၅)တင်းနှုန်းဖြင့် အထွက်တင်းပေါင်း(၂၉၁၄၃၆)ထွက်ရှိ ကြောင်း သိရသည်။ ဧပြီလကုန်မေလဆန်းတွင် မိုးများစတင်ရွာပြီဖြစ်သဖြင့် ငါန်းဇွန်မြို့နယ် စီထိန်း၊ တမာပင်၊အောက်ရိုး၊ ရွာသာ၊နတ်စိမ်း၊ထနောင်းပင်၊ မြို့သာ၊သရက္

ငါန်းဇွန်မြို့နယ်သည် ပဲပုတ်သီးနှံကို ဆောင်းသီးနှံအဖြစ်သာစိုက်ပျိုးမှုရှိပါသည်။ ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ပဲပုတ်ကို လျာထားဧက(၁၂၇၉)ဧကလျာထားပြီး စိုက်ပျိုးဧက (၁၂၇၉)ဧကဖြင့် လျာထားချက်ပြည့်မှီစွာ စိုက်ပျိုးကာ စိုက်ဧကအားလုံး ရိတ်သိမ်းပြီး အထွက်နှုန်းမှာ (၁၂.၉၀)တင်း၊ အထွက်တင်းပေါင်း(၁၆၄၉၉) တင်း ထွက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။ ငါန်းဇွန်မြို့နယ်သည် ပဲပုတ်သီးနှံကို မြောက်ကျွန်း၊ ရေလည်သောင်၊ သားကျင်၊ လက်ပံသာ၊ ဆင်တပ်၊သပြေသာ၊ကုလားရွာ၊ငါန်းလွှန့်ကျေးရွာတွင် စိုက
