
ငါန်းဇွန်မြို့နယ်သည် စိုက်ပျိုးရေးအဓိကလုပ်ကိုင်သောမြို့တစ်မြို့ဖြစ်ပါသည်။ ရှေးယခင် အဘိုးအဘွားများက နောင်လာနောင်သားများ စားသုံးနိုင်ရန် သရက်ပင်များ ၊မာလကာပင်၊ အုန်းပင် စသည့်ဖြင့် စိုက်ပျိုးကြရာ ယခုခေတ်တွင် ခေတ်အလိုက် ကိုင်းကူးခြင်းဖြင့် ဈေးကောင်းလည်းရ အရသာလည်းကောင်းသော စိန်တလုံးသရက်ပင်များ တိုးချဲ့စိုက်ပျိုးလာသည်ကို တွေ့ရှိရပါသည်။ ဧပြီလကုန်တွင် သရက်သီးများစတင်ထွက်ပေါ်ပြီဖြစ်ရာ၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ ကျေးရွာများသည် စီကောင်း၊ ဘုံသာစသည့် ကျေးရွာများက တံတားဦးမြို့သို့လည်းကောင်း၊ မြို့နယ်၏တောင်ပိုင်း ကျေးရွာများက မြင်းခြံမြို့သို့လည်းကောင်း တင်ပို့ရောင်းချကြောင်း သိရသည်။ ပေါ်စချိန်တွင် စိန်တ လုံးသရက်သီး တစ်လုံးလျှင် အကြီးအသေးပေါ်မူတည်၍ (၅၀၀/၆၀၀) ကျပ်ဖြင့်ရောင်းချရပါကြောင်း၊ ယခုမေလတတိယပတ်တွင် လှိုင်လှိုင်ပေါ်ထွက်လာ၍ ဈေးကျသွားရာတစ်လုံး(၂၀၀/၃၀၀) ကျပ်ဖြင့် ရောင်းချရကြောင်း သိရသည်။
DOCA(မန္တလေး)