Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
21 Jun 2022

         ရှမ်းပြည်နယ်(တောင်ပိုင်း)ဈေးကွက်တွင်  ညောင်ရွှေမြို့အတွင်းရှိ မိုင်းသောက်၊ စံကား စတဲ့ဒေသများနှင့် အနီးတဝိုက်ရှိမြို့နယ်များမှထွက်ရှိသည့် မန်ကျည်းသီးနုများ ဈေးကွက်အတွင်းသို့ စတင်ဝင်ရောက်လျက်ရှိပါတယ်၊၊ မန်ကျည်းသီးနုများကို ဇွန်လတွင် စတင်ခူးဆွတ်ပြီး ဩဂုတ်လကုန် ပိုင်းခန့်ထိ အသီးနုများခူးဆွတ်ကာ စက်တင်ဘာလပိုင်းတွင် အသီးနုများခူးဆွတ်မှုကို လုံးဝရပ်နားတယ်လို့သိရပါတယ်၊၊ စက်တင်ဘာလနောက်ပိုင်းမှာတော့ မန်ကျည်းသီးများမှာ အကြောများထွက်လာသဖြင့် အသီးစတင်ရင့်မှည့်ခံကာ မန်ကျည်းသီးမှည

21 Jun 2022

            ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာကိုလည်း စိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အချို့ဒေသများ၌ တောင်သူများစိုက်ပျိုးရာသီတွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းမရှိသဖြင့် စိုက်ပျိုးထွက်ရှိမှု လျော့နည်းခဲ့ရပါသည်။ ယခုနှစ် ပြည်နယ်တွင်းထွက်ရှိသည့် ဆီထွက်သီးနှံများကို အခြားဒေသသို့ တင်ပို့နိုင်ခြင်းမရှိဘဲ  ဒေသတွင်း စားသုံးမှုအတွက် အနည်းငယ်သာကြိတ်ခွဲ ထုတ်လုပ်နိုင်ပြီး ဈေးကွက်လိုအပ်လျက်ရှိသော စားသုံးဆီဖြစ်သည့် ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီများကို အခြားဒေသ

21 Jun 2022

           ယခုအချိန်တွင် လိုင်ချီးသီးများလှိုင်လှိုင်ပေါ်နေသည့်အတွက် ဈေးကွက်အတွင်း အရောင်းအဝယ်များဖြစ်နေကြောင်း သိရပါသည်။ လှိုင်ချီးသီးများကို မြန်မာပြည်အနှံ့အတွင် စိုက်ပျိုးကြပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ မြို့နယ်များတွင် စီပွားဖြစ်စိုက်ပျိုးကြကြောင်း သိရှိရပြီး နောင်မွန်ကျေးရွာနှင့် နောင်လိုင်ကျေးရွာတို့မှ အများဆုံးစိုက်ပျိုးထွက်ရှိသော လိုင်ချီးသီးများသည် အလုံးကြီးပြီးအရသာချိုသောကြောင့် လူကြိုက်များ၍ အရောင်းတွက်ကြောင်းကို ခြံရှင်နှင့် လက်ကား ဝယ်ယူသူထံမှ သိရှိခဲ့ရပါသည်။

21 Jun 2022

            အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ ဇွန်လ (၁၀)ရက်နေ့မှ ဇွန်လ (၁၆)ရက်အတွင်း ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့် ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ အများဆုံးဝင်ရောက်ရောင်းချနေကြောင်း သိရှိရပါတယ်။ ထိုသို့ဝင်ရောက်ရာတွင် ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး

21 Jun 2022

            ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဇွန်လ (၈) ရက်နေ့မှ ဇွန်လ (၁၄) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပြင်ဦးလွင် မှ နဂါးမောက်သီး(အနီ) တစ်ဖာ အလုံးကြီး ၁၈ လုံးပါ ကျပ် ၁၅၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၀၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၈၀၀၀၊ ပုပ္ပါးမှ နဂါးမောက်သီး(အဖြူ) တစ်ဖာ အလုံးကြီး ၁၈ လုံးပါ ကျပ် ၁၆၀၀၀၊ အလုံးလတ် ၂၄ လုံးပါ ကျပ် ၁၁၀၀၀၊ အလုံးသေး ၃၀ လုံးပါ ကျပ် ၉၀၀၀၊ ရေးမှ ဒူးရင်းသီး အလုံးကြီးတစ်လုံး  ကျပ် ၇၀၀၀ မှ ၆၀၀၀၊ အလုံးလတ် ကျပ် ၅၀၀

Pages