Main menu

စားအုန်းဆီဈေးနှုန်းများမြှင့်တက်၍ အသေးစားစီးပွားရေးလုပ်ငန်းအချို့ ရပ်ဆိုင်း

Powered by Drupal

            ကယားပြည်နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာကိုလည်း စိုက်ပျိုးကြပြီး ၂၀၂၁-၂၀၂၂ ခုနှစ်တွင် အချို့ဒေသများ၌ တောင်သူများစိုက်ပျိုးရာသီတွင် အချိန်မီစိုက်ပျိုးနိုင်ခြင်းမရှိသဖြင့် စိုက်ပျိုးထွက်ရှိမှု လျော့နည်းခဲ့ရပါသည်။ ယခုနှစ် ပြည်နယ်တွင်းထွက်ရှိသည့် ဆီထွက်သီးနှံများကို အခြားဒေသသို့ တင်ပို့နိုင်ခြင်းမရှိဘဲ  ဒေသတွင်း စားသုံးမှုအတွက် အနည်းငယ်သာကြိတ်ခွဲ ထုတ်လုပ်နိုင်ပြီး ဈေးကွက်လိုအပ်လျက်ရှိသော စားသုံးဆီဖြစ်သည့် ဟင်းသီးဟင်းရွက်ဆီ၊ စားအုန်းဆီများကို အခြားဒေသများမှ တင်သွင်းရောင်းချနေရပြီး စားအုန်းဆီကို ပြည်နယ်အတွင်းရှိ အသေးစားစီးပွားရေး လုပ်ငန်းများဖြစ်သည့် အိမ်တွင်းမှုအကြော်နှင့် မုန့်လုပ်ငန်းများတွင် အများဆုံးအသုံးပြုကြပါသည်။ ယခု ဇွန်လအတွင်း ဈေးကွက်တွင် ဖြစ်ပေါ်နေသော စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၈၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင် မေ လတွင် စားအုန်းဆီဈေးနှုန်းမှာ တစ်ပိဿာလျှင် (၇၅၀၀)ကျပ် ဈေးရှိခဲ့၍ ယခုဇွန်လနှင့် ယခင်မေလနှိုင်းယှဉ်လျှင် တစ်ပိဿာ (၃၀၀)ကျပ်ခန့် မြှင့်တက်လျက်ရှိကြောင်း၊ စားအုန်းဆီဈေးနှုန်းများ ဆက်လက်မြှင့်တက်နေခြင်း၊ အခြားကုန်ကြမ်းဈေးနှုန်းများလည်း မြှင့်တက်နေခြင်းကြောင့် ပြည်နယ်တွင်းရှိ အသေးစားစီးပွားရေးလုပ်ငန်းများဖြစ်သည့် အကြော်နှင့် မုန့်လုပ်ငန်းအချို့ အခက်အခဲဖြစ်ပြီး လုပ်ငန်းများရပ်ဆိုင်းနေရကြောင်း အသေးစားမုန့်လုပ်ငန်းရှင်တစ်ဦးထံမှ  သိရပါ သည်။

DOCA(ကယား)