Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
20 Jun 2022

          ပဲခူးတိုင်းဒေသကြီး(အနောက်) သာယာဝတီခရိုင် ဇီးကုန်းမြို့နယ်အတွင်း စိုက်ပျိုးရေးဆေးနှင့် ဓာတ်မြေဩဇာအရောင်းဆိုင်အချို့အား ဇွန်လပထမပတ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် တောင်သူများသုံးစွဲမှုအများဆုံး၊ ရောင်းအားအကောင်းဆုံး ဓာတ်မြေဩဇာနှင့် ပေါင်းသတ်ဆေးများအား ကွင်းဆင်းလေ့လာခဲ့ပါသည်။

20 Jun 2022

               မိတ္ထီလာဈေးကွက်အနေနှင့် ရန်ကုန်၊ မော်လမြိုင်၊ မြဝတီမြို့များသို့ ကြက်သွန်နီတင်ပို့လေ့ရှိရာ ယခုရက်ပိုင်းဝယ်ရင်းစျေးမြင့်လာပြီး ရောင်းစျေးနိမ့်နေခြင်း၊ ကုန်တင်ခနှုန်းထား အနည်းငယ်မြင့်လာခြင်းတို့ကြောင့် နယ်ဝေးတင်ပို့မှုနည်းလာပါသည်။ ယခုရက်ပိုင်း ရန်ကုန်သို့ (၁၂)ဘီးကား (၁/၂)ရက်ခြားတစ်စီးနှင့် နီးစပ်ရာဒေသများသို့ လက်လီတင်ပို့မှုအနည်းငယ်သာရှိပါသည်။ ဒေသတွင်းလက်ရှိဖြစ်ပေါ်နေသောကြက်သွန်စျေးမှာ ယခင်တစ်ပတ်စျေးထက် (၁၅၀/၂၀၀) ဝန်းကျင်စျေးပိုလာရာ လက်က္ကားစျေးတစ်ပိဿာလျှင် (၁၀၀၀/၁၂၀၀) စျေးရှိပြီ

16 Jun 2022

          မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်ရှိ ဆန်စက်များ၌ လာမည့်နွေစပါးပေါ်ချိန် ဇွန်လကုန် ဇူလိုင်လများတွင် ကြိတ်ခွဲမှု့လှိုင်လာမည်ဟု သိရပါသည်။

16 Jun 2022

               မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်သည့်အလျောက် ဇွန်၊ ဇူလိုင်လများတွင် မိုးစပါး စတင်စိုက်ပျိုးချိန်ဖြစ်၍ မိုးစပါးစိုက်တောင်သူများအနေဖြင့် မိုးကာနှင့် ဝါးခမောက်သည် မရှိမဖြစ် လိုအပ်သည့် ပစ္စည်းဖြစ်ပါသည်။

16 Jun 2022

              မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့်မြေပဲကို မိုးတွင် အများဆုံးစိုက်ပျိုးပြီး၊ဆောင်းတွင် အနည်းငယ်သာစိုက်ပျိုးမှုရှိပါသည်။၂၀၂၁-၂၀၂၂ ခုနှစ်တွင် မိုးမြေပဲစိုက်ပျိုးမှုဧကပေါင်း (၅၈၈၅) ဧကရှိပြီး၊ အထွက်နှုန်း(၄၂.၁၆) တင်းနှုန်းဖြင့် တင်းပေါင်း(၂၄၈၂၆၆၉  )တင်းထွက်ရှိခဲ့ပါသည်။ဆောင်းတွင် စိုက်ပျိုးဧကပေါင်း(၂၉၈)ဧက စိုက်ပျိုးခဲ့ပြီး တစ်ဧကအထွက်နှုန်း(၄၇.၄၁)တင်းဖြင့် တင်းပေါင်း(၁၄၁၂၈)တင်း ထွက်ရှိခဲ့ပါသည်။မိုးမြေပဲကို မေလဆန်းပိုင်းတွင် စတင်စိုက်

Pages