Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
16 Jun 2022

         ပဲခူးတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံကြိတ်ခွဲထုတ်လုပ် ရောင်းချသော ဆီစက်လုပ်ငန်းရှင်( ၂) ဦးရှိပြီး လုပ်ငန်းရှင်တစ်ဦးမှ နဝတီကြိတ်ခွဲ ထုတ်လုပ်မှုများအား ဦးစားပေးလုပ်ကိုင်ပြီး အခြားလုပ်ငန်းရှင်တစ်ဦးမှ တစ်ပိုင်တစ်နိုင် ဖြန့်ဖြူးကြိတ်ခွဲ ရောင်းချလျှက်ရှိကြောင်း သိရှိရပါသည်။

16 Jun 2022

                 ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်တွင် စပါးသည် အဓိထားစိုက်ပျိုးသော သီးနှံအမျိုးအစားတွင် ပါဝင်ပြီး နှစ်စဉ် မိုးစပါး စိုက်ဧက (၄၈၆၉၂) ဧကကျော် စိုက်ပျိုးလျှက်ရှိပါသည်။ တောင်သူများမှ မတ်လတွင်စတင်၍ မိုးစပါး ကြဲခင်းမြေယာများ စတင်ပြုပြင်ခဲ့ပြီး ယခင်နှစ်ထက် စောလျင်စွာ စိုက်ပျိုးနိုင်ခဲ့ပါသည်။ ယခုနှစ်တွင် ဧပြီလမှစ၍ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် တောင်သူများအနေဖြင့် မိုးစပါးကြဲခင်းများကို တစ်မြို့နယ်လုံးအနေဖြင့် မိုးစပါးစိုက်ဧက (၃၀%)နှုန်းခန့် စိုက်ပျိုးပြီးစီးခဲ့ပြ

16 Jun 2022

                ပဲခူးတိုင်းဒေသကြီး ၊ ပြည်ကုန်စည်ဒိုင်တွင် မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ကုလားပဲ၊ ပဲကြီးနှင့် ဘိုကိတ်ပဲများ အရောင်းအဝယ်ဖြစ်လျှက်ရှိပါသည်။

15 Jun 2022

          မြေပဲပင်ပေါက်များသည် တစ်နှစ်မှတစ်ခါ စားရခြင်းဖြစ်ပြီး မိုးရွာမှသာ မြေပဲခင်းမှ မြေပဲစို့လေးများထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။ မြေပဲပင်စို့များကို နှုတ်ယူရာတွင် တစ်ဧကလျှင် ပိဿာချိန် ၁၀ မှ ၁၅အထိ နှုတ်ယူရရှိကြပြီး မြေပဲနှုတ်ယူစဉ်အချိန်က မြေပဲလက်ကျန် ကျန်ရှိခဲ့မှု့ အနည်း အများပေါ်မူတည်ပြီး ရရှိခြင်းဖြစ်ပါသည်။ ရောင်းချသူများအနေဖြင့် မြေပဲကို မြေပဲပင်ပေါက်အဖြစ် စိုက်ပျိုးရန် အရင်းအနှီးများသောကြောင့် ပြုလုပ်ရောင်းချနိုင်ခြင်းမရှိသော်လည်း မြေပဲပင် နှုတ်ယူခဲ့စဉ်က ကျန်ခဲ့သည့် လက

15 Jun 2022

           ပဲခူးတိုင်း‌ဒေသကြီး ပြည်ပွဲရုံများသို့ အောင်ပန်းမှ ချင်း ၁၀ပိဿာအိတ် တစ်နေ့လျှင် ၄၀/၅၀ခန့် ပုံမှန် အဝင်ရှိနေသော်လည်း နယ်များတွင် မိုးများဆက်တိုက်ရွာသွန်းနေခြင်းကြောင့် အရောင်းအဝယ် အေးနေတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရပါသည်။ ခရိုင်အတွင်း လက်လီသမားတို့သာ အရောင်းအဝယ် ဖြစ်နေပါသည်။ ယခုတစ်ပတ် ချင်းဈေး(ပွဲရုံဈေး) တစ်ပိဿာလျှင် ၉၀၀-၁၀၀၀ကျပ်ဖြစ်ပြီး (လက်လီ) ဈေးမှာ ၁၅၀၀-၁၈၀၀ကျပ်ဈေးဖြစ်ပါသည်။ ဒါးလှီးချင်းဖတ် တစ်ပိဿာလျှင် ၁၇၀၀ကျပ် ဈေးတို့ဖြင့် ရောင်းချလျှက်ရှိပါသည်။

Pages