Main menu

ပြည်ချင်းနှင့် မန်ကျည်းမှည့် လက်ကားသမားများဖြင့်သာ အရောင်းအဝယ်ဖြစ်

Powered by Drupal

           ပဲခူးတိုင်း‌ဒေသကြီး ပြည်ပွဲရုံများသို့ အောင်ပန်းမှ ချင်း ၁၀ပိဿာအိတ် တစ်နေ့လျှင် ၄၀/၅၀ခန့် ပုံမှန် အဝင်ရှိနေသော်လည်း နယ်များတွင် မိုးများဆက်တိုက်ရွာသွန်းနေခြင်းကြောင့် အရောင်းအဝယ် အေးနေတယ်လို့ ပွဲရုံပိုင်ရှင်တစ်ဦးထံမှသိရပါသည်။ ခရိုင်အတွင်း လက်လီသမားတို့သာ အရောင်းအဝယ် ဖြစ်နေပါသည်။ ယခုတစ်ပတ် ချင်းဈေး(ပွဲရုံဈေး) တစ်ပိဿာလျှင် ၉၀၀-၁၀၀၀ကျပ်ဖြစ်ပြီး (လက်လီ) ဈေးမှာ ၁၅၀၀-၁၈၀၀ကျပ်ဈေးဖြစ်ပါသည်။ ဒါးလှီးချင်းဖတ် တစ်ပိဿာလျှင် ၁၇၀၀ကျပ် ဈေးတို့ဖြင့် ရောင်းချလျှက်ရှိပါသည်။

           နယ်များတွင် မိုးများဆက်တိုက်ရွာသွန်းနေသဖြင့် မန်ကျည်းမှည့် အရောင်းအဝယ် သိသိသာသာအေးလာသဖြင့် ပြည်မန်ကျည်းမှည့်ပွဲရုံများတွင် ယခုရက်ပိုင်း အရောင်း အဝယ် သိပ်မဖြစ်ဘူးလို့ ပွဲရုံပိုင်ရှင်တစ်ဦးကဆိုပါတယ်။ မန်ကျည်းမှည့်ဈေးမှာ လက်လီ သမားများက တစ်ခါ ဝယ်လျှင် (၁၀)ပိဿာလောက်သာ အနည်းငယ် အဝယ်ရှိကြပြီး၊ ဈေးနှုန်းမှာ ယခင်အပတ် ဈေးအတိုင်းသာဖြစ်ကြောင်း သိရပါသည်။ ယခုဇွန်လပထမပတ်တွင် မန်ကျည်းမှည့် တစ်ပိဿာ (ပွဲရုံဈေး) ၃၂၀၀ကျပ်တို့ဖြင့် လက်ကားရောင်းချနေပြီး လက်လီဈေးများတွင် တစ်ပိဿာလျှင် ၃၈၀၀-၄၀၀၀ကျပ်ဈေးဖြင့် ရောင်းချလျှက်ရှိနေပါကြောင်း သိရှိရပါသည်။

DOCA(ပဲခူး)