Main menu

ကုန်သွယ်မှုသတင်းများ

Powered by Drupal
19 May 2022

          စားသုံးသူရေးရာဦးစီးဌာန၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်တာဝန်ခံရုံးမှ ဝန်ထမ်းများသည် (၁5.5.၂၀၂၂)ရက်နေ့တွင် နမ့်ဆန်မြို့၊ ရပ်ကွက်(3)နေ ဦးမြတ်မောင်၏ အောင်မြင်ဖြစ်ထွန်းနေသည့် လက်ဖက်စိုက်ခင်းသို့ သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြပါသည်။

19 May 2022

          မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်အတွင်းရှိ ထုံးတောင်ကျေးရွာအုပ်စုနှင့် ပျဉ်ထောင်ကျေးရွာအုပ်စုတို့တွင် ကြက်သွန်နီအများဆုံး စိုက်ပျိုးလျက်ရှိကြပြီး အခြားကျေးရွာအုပ်စုများမှာ အနည်းငယ်သာစိုက်ပျိုးရောင်းချကြပါသည်။သို့ရာတွင် ယခုနှစ်ရာသီဥတုအခြေအနေမှာ ကောင်းမွန်လာပြီး ကြက်သွန်နီအရွယ်အစားလည်းလှလာသောကြောင့် ပြည်၊ မြောင်းမြနှင့် ရန်ကုန်မြို့များမှ ဝယ်လိုအားကောင်းလျှက်ရှိပါသည်။

19 May 2022

           စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ လှိုင်သာယာရပ်ကွက်တွင် ကြက်ဟင်းခါးသီးပင်များအား မိုးဦးကျကာလတွင် စိုက်ပျိုးခြင်းအားဖြင့် အပိုဝင်ငွေရလျက်ရှိကြောင်း သိရသည်။

18 May 2022

              ကယားပြည်နယ်ဒေသထွက် ပစ္စည်းတစ်မျိုးဖြစ်သည့် ကယားရိုးရာချည်ထည်ကို ကယားပြည်နယ်တွင်နေထိုင်ကြသော တိုင်းရင်းသားများအားလုံး အမြတ်တနိုးဝတ်ဆင်ကြသည့်အပြင် အခြားဒေသများသို့လည်း တင်ပို့လျှက်ရှိကြောင်း၊ ချည်ထည်များမှာ အသားအေးပြီး ပေါ့ပါးသဖြင့် ဝတ်ဆင်သူတိုင်း လူကြိုက်များလျှက်ရှိကြောင်း၊ ယခုလက်ရှိ ဈေးကွက်အတွင်း ကယားချည်ထည်ဈေးနှုန်းများမှာ ပုံမှန်ချည်အမျိုးသားဝတ်တစ်ကွင်းလျှင် (၆၅၀၀)ကျပ်၊ အမျိုးသမီးဝတ်တစ်ကွင်းလျှင် (၅၅၀၀)ကျပ် ၊အမျိုးသမီးဝတ် ဝမ်းဆက်တစ်စုံလျှင်(၈၅၀၀)ကျပ် ၊၂/၁၀၀

18 May 2022

            ကယားပြည်နယ်၏ ရိုးရာအစားအစာတစ်မျိုးဖြစ်သည့် ဒေသထွက်ပစ္စည်းများဖြင့်သာ ပြုလုပ်ထားသည့် ကယားရိုးရာ ဝက်အူချောင်းမှာ နာမည်ကြီးလှပါသည်။ ကယား ဝက်အူချောင်းကို ကယားလူမျိုးစုများ မရှိမဖြစ် အသုံးပြုသည့်ဟင်းခတ်အမွှေးအကြိုင်အဖြစ် ဒေသထွက် မက်ခါသီး ၊ တောင်ပေါ်ငရုတ်သီး၊ တောင်ပေါ်ဝက်သား၊ ဝက်အူတို့ဖြင့် ပြုလုပ်ထားသည့် ရိုးရာအစားအစာ တစ်မျိုးဖြစ်ပါသည်။ ဝက်အူအစစ်ဖြင့် အရသာရှိရှိ ကင်ထားပြီး ဓာတုဆေး လုံးဝမပါဘဲ လေလုံအောင် သေချာထုတ်ပိုးထားသဖြင့် တစ်ပတ်ခန့် အထားခံကြောင်း ၊ မိသားစုစားသုံးရ

Pages